ဘာဘာတော့ဗ်၏အေးဂျင့်ဖြစ်သူက သူ၏ကစားသမားသည် ဒီနွေတွင် မန်ယူအသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။
အဆိုပါ ဘူလ်ဂေးရီးယားတိုက်စစ်မှူးသည် မနှစ်က ပရီးမီးယားလိဂ်တွင် ဂိုးသွင်းဘုရင်ဆုရရှိခဲ့သော်လည်း၊ ယခုနှစ်ဘောလုံးရာသီတွင်တော့ မန်ယူအသင်းတိုက်စစ်တွင် ရူနီ၊ ၀ဲဘတ်ခ်၊ ဟာနန်ဒက်ဇ်တို့လောက် ပွဲထွက်ခွင့်မရပဲ ဖြစ်နေသည်။
ထို့အပြင်၊ မန်ယူနည်းပြ ဖာဂူဆန်ကလည်း ဘာဘာတော့ဗ်အနေဖြင့် ယခုနှစ်ရာသီအကုန်တွင် မန်ယူအသင်းမှ ထွက်ခွာချင်သည်ဆိုပါက၊ ထွက်ခွာနိုင်ကြောင်း ခွင့်ပြုထားသည်။
“ ကျွန်တော် ဖာဂူဆန်နဲ့ သုံးကြိမ်ဆွေးနွေးပြီးပါပြီ၊ ဖာဂူဆန်ဟာ အသင်းကို လာမည့် လေး၊ ငါးနှစ် အတွက် ရည်ရွယ် ပြင်ဆင်နေပါတယ်၊ ဘာဘာတော့ဗ်အနေနဲ့ ဖာဂူဆန်ရဲ့ သွေးသစ်လောင်းမယ့်အသင်းမှာ ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ လည်း ဖာဂူဆန်ရဲ့ အသင်းအတွက် ပြင်ဆင်မှုတွေကို လက်ခံရပါမယ်၊ အထူးသဖြင့် ဒီနွေမှာ ထွက်ခွာမည့် ဘာဘာတော့ဗ်ရဲ့ အပြောင်းအရွှေ့အပေါ် ကန့်ကွက်မှုမရှိတဲ့ မန်ယူအသင်းရဲ့ရပ်တည်မှုကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်၊ ” ဟု ဘာဘာတော့ဗ်၏အေးဂျင့်ဖြစ်သူ က ပြောကြားခဲ့သည်။
ဆက်လက်ပြီး၊ ကစားသမား၏အေးဂျင့်ဖြစ်သူက သူ့ကစားသမားသည် ပရီးမီးယားလိဂ်မှ ထွက်ခွာဖြစ်ပါက၊ အခြား နာမည်ကြီး ဥရောပလိဂ်တစ်ခုခုသို့သာ ပြောင်းရွှေ့လိမ့်မည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။
“ ဘာဘာတော့ဗ်ဟာ အင်္ဂလန်ကနေ မကြာခင်ထွက်ခွာသွားနိုင်ပါတယ်၊ ဒါပေမယ့် သူဟာ အမေရိကန်၊ ဂျပန်၊ ယူအေအီးလိဂ်တွေဆီကိုတော့ ပြောင်းရွှေ့ကစားမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ အဆင့်မြင့်လိဂ်ပြိုင်ပွဲတွေမှာပဲ ပါဝင်ကစားချင်နေသေးတဲ့ဆန္ဒကြောင့်ပါ၊ ”ဟု ပြောကြားသွားခဲ့သည်။ http://mutdfan.com/index.php/readmore/post/41881

0 comments:
Post a Comment