မတ်လ ၁၁ ရက်နေ့က အချိန်ခါမဟုတ် မိုးရွာသွန်းလာသည့်အတွက် နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အနေဖြင့် သီးနှံများအား အလျင်အမြန် ရိတ်သိမ်းခြင်း ပြုနေရကြောင်း သတင်းရရှိပါသည်။ ရိတ်သိမ်းပြီး ကောက်လှိုင်းများနှင့် စပါးများအား တာလပတ်များဖြင့် အုပ်ဆိုင်းခြင်း၊ မတ်ပဲများအား လူအင်အားသုံးကာ သိမ်းခြင်းများ ပြုလုပ်နေရကြောင်း သိရှိရသည်။
ယခုနှစ်တွင် စပါးဈေးကျ ဆင်းခြင်း၊ ပဲဈေးကျဆင်းခြင်းအပြင် စပါးနှင့်ပဲအထွက်နှုန်းပါကျဆင်းခဲ့ ရကြောင်း၊ ထပ်မံ၍ မိုးမိပါက ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားခဲ့ပါသည်။
''အိမ်ရှိလူကုန် အကုန်လုံးသုံး ပြီးပဲသိမ်းနေတာပါ။ ပဲဈေးက မနှစ် ကနဲ့ဆို ထက်ဝက်ကျတယ်။ စပါး ဈေးက တင်းတစ်ရာကို အခုကျပ် သုံးသိန်းသုံးသောင်းခုနှစ်ထောင် ပေါက်ဈေးရှိတယ်။ ဒါတောင်မှ တစ်တင်း ၄၆ ပေါင်နဲ့မဟုတ်ဘူး။ ပေါင် ၅၀ နဲ့ ၀ယ်ကြတာ။ ပဲ အထွက်၊ စပါး အထွက်ကျပါတယ်ဆိုမှ မိုးမိရင်ပိုဆိုးမယ်။ ဒီနေ့ မတ် လ ၁၁ ရက်နေ့မှာ မိုးရွာတယ်လေ။ မပျက်စီးသေးပေမယ့် ရသမျှ လူအင်အားနဲ့ အကုန်သိမ်းနေရတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ http://www.news-eleven.com/

0 comments:
Post a Comment