- သူက ပြုံးလျှင်
- ငါပြုံးလိုက်မည် ၊ပြောခဲ့သည်တည့်။
- သူက မုန်းလျှင်
- ငါမုန်းလိုက်မည် ၊ ပြောခဲ့သည်တည့်။
- အမှန်ဆိုက
- ငါကပြုံးလျှင် ၊သူပြုံးချင်လိမ့်။
- အမှန်ဆိုက
- ငါကမုန်းချင် ၊ သူမုန်းချင်လိမ့် ။
- တစ်ရံတစ်ခါ ၊ ငါကပြုံးလည်း
- ပြုံးရိပ်မဆင်၊ မုန်းစိတ်ဝင်ကာ
- မုန်းချင်မုန်းက မုန်းပေလိမ့်။
- တစ်ရံတစ်ခါ ၊ ငါကမုန်းလည်း
- မုန်းစိတ်မ၀င် ၊ပြုံးရိပ်ဆင်ကာ
- ပြုံးချုင် ပြုံးက ပြုံးပေလိမ့်။
- အမှန်မှာမူ
- သူပြုံး ပြုံး ပြုံး ၊ မပြုံး ပြုံး
- သူ မုန်း မုန်း မုန်း ၊ မ မုန်း မုန်း
- သူအမုန်းက သာမည
- ငါ့ အပြုံးက အဓိက ။
- ပြုံးမှ ပြုံးမှ ငါပြုံးမှ
- အပြုံးသည်သာ နှလုံးသားအလှ ။ ။
ငွေတာရီ မဂ္ဂဇင်း
http://newworldnanda.ning.com







0 comments:
Post a Comment