http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

အေစီ ရှုံးသွားလည်း ဘာမှ မထိခိုက်ပါဘူး...၊ ဘာကာသာရှုံးရင် နာမည်ပျက်မှာပါ - ဂျီယိုဗန်နီ ဂေါလီ (အေစီ ဂိုးသမားဟောင်း)

အေစီမီလန်ဂိုးသမားဟောင်း ဂေါလီက စိတ်ပညာရှုထောင့်မှကြည့်ပါက လာမည့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် အေစီမီလန်အသင်းအနေဖြင့် ဘာစီလိုနာအသင်းထက် ပိုမိုအခွင့်အရေးသာနေကြောင်းထုတ်ဖော်ပြောကြားသွားခဲ့သည်။

လာမည့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင်အေစီမီလန်အသင်းသည် ဘာစီလိုနာအသင်းနှင့်ဆုံတွေ့နေသော်လည်း၊ အေစီမီလန်အသင်းမှာ ဘာစီလိုနာအသင်းလောက် အနိုင်ရရှိဖို့ ဖိအားမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုလို ဘာကာနဲ့လာဆုံရတာ အေစီအတွက်တော့ ကံဆိုးတယ်ဆိုတာ ပြောစရာမလိုပါဘူး၊ ဘာကာကို ဘယ်လိုဖြတ်ကျော်မလဲ၊ မက်ဆီကို ဘယ်လိုတားဆီးမလဲ၊ ဘာကာနိုင်ဖို့က အေစီထက်စာရင် ရာခိုင်နှုန်းအားဖြင့် (၆၀) ရာခိုင်နှုန်း ရှိပါတယ်၊”

“ ဒါပေမယ့် ကျွန်တော်တို့ ဟာ နှစ်ပွဲကစားရမှာပါ၊ ပြီးတော့ (၀-၀) အခြေအနေကနေ စတင်ရမှာပါ၊ စိတ်ပညာရှုထောင့်ကကြည့်မယ်ဆိုရင်၊ အေစီက ဘာကာထက် အခွင့်အရေးပိုရှိပါတယ်၊ ဘာစီလိုနာအသင်းဟာကမ္ဘာမှာအကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာ သက်သေပြဖို့ ကြိုးစားရမှာပါ၊ ပြီးတော့ သူတို့ဟာ လက်ရှိလည်း နံပါတ်တစ် ပါ၊ အဲတော့ အေစီက ဘာကာကို အနိုင်ရဖို့ထက်၊ ဘာကာက အေစီကို အနိုင်ရဖို့ ပိုအရေးကြီးနေပါတယ်၊ ” ဂေါလီက သုံးသပ်ပြောကြားခဲ့သည်။

မီလန်သည် ဘာစီလိုနာအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အား မတ်လ (၂၈)ရက်တွင် ဆန်စီရို၌ ဧည့်ခံကစားရမည်ဖြစ်ပြီး၊ ဒုတိယအကျော့အား ဧပြီ (၃)ရက်နေ့တွင် နူးကမ့်တွင် ဆက်လက်ကစားရမည်ဖြစ်သည်။            http://mutdfan.com/index.php/readmore/post/41831

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif