http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

ကမ္ဘာ့ အကောင်းဆုံး ကစားသမား လီယွန်နယ် မက်စီ သတ်မှတ်ပေးလိုက်သော အကောင်းဆုံး ကစားသမား သုံးယောက်မှာ ရွန်းနီ၊ အဂူရိုနှင့် ဗန်ပါစီတို့ဖြစ်

ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်သူ လီယွန်နယ် မက်စီက ကမ္ဘာ့အကောင်းဆုံး ကစားသမားများ အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်မှ ကစားသမား  ၃ ဦးဖြစ်သော ရွန်းနီ၊ အဂူရိုနှင့် ဗန်ပါစီတို့ပင် ဖြစ်ကြောင်း ဖွင့်ဟ ပြောပြသွားခဲ့သည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ဘာစီလိုနာနှင့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်စီသည် လက်ရှိအချိန်တွင် ယခုရာသီအတွင်း စပိန်ထိပ်တန်း ဂိုးသွင်းသူ ဖြစ်ရန်အတွက် အဓိက ရင်ဆိုင် ယှဉ်ပြိုင်နေရသူမှာ ရီးရဲမက်ဒရစ် တိုက်စစ်မှူး ခရစ်စတီယာနို ရိုနယ်ဒိုပင် ဖြစ်သည်။

ယူနိုက်တက် တိုက်စစ် ကစာသမားဟောင်း ပေါ်တူဂီသား ရိုနယ်ဒိုသည် ယခုနှစ်အတွင်း လိဂ်ပွဲအတွက် ဂိုးပေါင်း ၃၂ ဂိုးသွင်းယူ ထားသူ ဖြစ်ပြီး ဘာကာစတား မက်စီမှ ၃၀ ဂိုးသွင်းယူထားသူ ဖြစ်သည်။ မက်စီမှ ဘီဘီစီ စပေါ့နှင့် တွေ့ဆုံမှုတွင် အင်္ဂလန်မှာ နံပါတ်တစ် ပေးစရာတွေ ရှိကြောင်း ဝန်ခံခဲ့ပြီး အမည်နာမ များအား ယခုကဲ့သို့ ထုတ်ဖော်ခဲ့သည်။

““ ပရီးမီးယားလိဂ်မှာ အဆင့်အတန်းမြင့် ကစားသမား မြောက်များစွာ ရှိနေကြပါတယ်။ ဥပမာ ကျွန်တော့် သူငယ်ချင်း အဂူရိုပေါ့။ သူကစားတာ ဘယ်လို ရှိတယ်ဆိုတာ ကျွန်တော် အမြဲတမ်း စောင့်ကြည့်ပြီး အမြဲတမ်း ကြိုက်နှစ်သက်တဲ့ သူတစ်ဦးပါ။””
““နောက်ပြီး ရွန်းနီနဲ့ ဗန်ပါစီ တို့လို ကစားသမား မျိုးတွေဟာ အလွန်ကောင်းမွန်တဲ့ ကစားဟန်တွေ ရှိပြီး သူတို့တွေဟာ ဂရိတ် ပလေယာ တွေပါပဲ”” ဟု မက်စီက ဝန်ခံ ပြောကြားသွားခဲ့ကြောင်း သိရသည်။                         http://mutdfan.com/index.php/readmore/post/41821

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif