http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ငါးသိန်းဖုန်းများ သုံးသိန်းသို့ ဈေးကျ

မြန်မာ့ ဆက် သွယ် ရေး လုပ်ငန်း မှ ယခင်က ချထား ပေး သော ကျပ် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်းများ ဈေးကွက် အတွင်း ဈေးနှုန်းများ ကျဆင်းလာပြီး ကျပ်နှစ်သိန်းလျော့ ဖြင့် ရောင်းချ လာပြီး ကျပ်သုံးသိန်း ဝန်းကျင်ဈေး ပေါက်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
ယင်းဖုန်းများမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်ငါးသိန်း ဖြင့် ချထား ပေးသော ဖုန်းများဖြစ်ပြီး လက်ရှိအချိန်တွင် ကျပ်နှစ်သိန်း တန်ဖုန်းများ ချထား ပေးနေပြီဖြစ် သောကြောင့် ကျပ်သုံးသိန်းဖြင့် ရောင်းချခြင်းများ ရှိလာခြင်း ဖြစ် သည်ဟု ဈေးကွက်အတွင်းမှ သိရ သည်။
လက်ရှိအချိန်တွင်မူ ပြည် နယ်များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်နှစ်သိန်းဖြင့် မိုဘိုင်း ဖုန်းများ ချထားပေးနေပြီး ရန်ကုန် နှင့် မန္တလေးတိုင်းဒေသကြီးတွင်မူ လာမည့် ဧပြီလ ၉ ရက်နေ့မှ ချ ထားပေးမည်ဖြစ်သည်။
ယင်းသို့ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ချထားပေးခြင်း မရှိသော်လည်း ကျပ် ငါးသိန်းတန် ဖုန်းများကို ဝယ် ယူသူမရှိသလောက် နည်းပါးသည် ဟု ဈေးကွက် အတွင်းမှ ပြောသည်။
မိုဘိုင်းအရောင်းဆိုင် တစ်ဆိုင်မှ မန်နေဂျာ တစ်ဦးက " ငါး သိန်းဖုန်းတွေ ဈေးကွက်ထဲမှာ သုံးသိန်းလောက် ဈေးပေါက်တယ် ဆို တာ ဟုတ်ပါတယ်။ အများစုက အ ကျိုးဆောင်တွေ ဆီက ထွက်တာပေါ့။ တချို့လည်း ငါးသိန်းနဲ့ ဝယ်ထားတယ်။
ဈေးတွေက ကျလာ တော့ နှစ်သိန်းနဲ့ ဝယ်ကိုင်မယ်ဆို ပြီး သုံးသိန်းနဲ့ရောင်းတယ်။ တစ် သိန်းအမြတ် ရတယ်ပေါ့။ တချို့က လည်း လက်ထဲမှာ ကိုင်ထားတဲ့ဖုန်း တွေ များနေတယ်။ နောက်ပိုင်းမှာ ဈေးက ကျလာတော့မှာဆိုတော့ တစ်လုံးလောက်ပဲ ကိုင်ထားတော့ မယ်ဆိုပြီး ရောင်းတာလည်း ရှိ တယ်"ဟု ပြောသည်။
လက်ရှိ အချိန်တွင်မူ နှစ်သိန်း တန်ဖုန်း ချထား ပေးမည့်ရက် အတိအကျကို မြန်မာ့ ဆက်သွယ်ရေးမှ တရားဝင် ထုတ်ပြန်ထားသော ကြောင့် ကျပ်သုံးသိန်းဖြင့် ဝယ်ယူ သူ မရှိသလောက် ရှားသွားပြီးဖြစ် သည်ဟု သိရသည်။
မိုဘိုင်းအရောင်းဆိုင် တစ်ဆိုင် မှလည်း "ကျွန်တော်တို့က ကတ် တွေကို အပို မကိုင်ထားပါဘူး။ ဒါ ကြောင့် အခုချိန်မှာ ကတ်မရှိတော့ ဘူး။ ရှိတဲ့ဆိုင်တွေကတော့ နောက် ပိုင်းလည်း ရှုံးမှာဆိုတော့ အခုရှုံးတာ သက်သာတော့ ရောင်းကြတာပေါ့။ အခုတော့ ဝယ်တဲ့သူ မရှိတော့ပါ ဘူး" ဟု ပြောသည်။     http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif