http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

အိုဘာမား သမ္မတ၏ ပထမသက် တမ်း အကြောင်း ရုပ်ရှင် ဖြန့်ချိ

အို ဘားမား အဖွဲ့ သည် အိုဘားမား ၏ သမ္မတ ဒုတိယ သက်တမ်း အနိုင် ရရေး ကူညီရန် ဟောလိဝုဒ် ပဉ္စလက် ပညာအပေါ် အားကိုးအားထား ပြုနေ သည်။ သမ္မတ ပြန်လည် ရွေးချယ်ခံရရေး လှုပ်ရှားမှု အဖွဲ့သည် မတ် ၁၄ ရက်တွင် အများ မျှော်လင့်နေသည့် မှတ်တမ်းရုပ်ရှင်ကားကို ဖြန့်ချိ ခဲ့သည်၊
အချိန် ၁၇ မိနစ်ကြာ မှတ်တမ်း ရုပ်ရှင်ကားကို အကယ်ဒမီဆုရှင် ဒေးဗစ် ဂတ်ဂျင်ဟိန်းက ဒါရိုက်တာ အဖြစ် ရိုက်ကူးပြီး သရုပ်ဆောင် တွမ်ဟန့်ခ်က နောက်ခံ စကား ပြောပေးထားသည်။
ယင်းမှတ်တမ်း ရုပ်ရှင်သည် သမ္မတအိုဘားမား၏ပထမသက်တမ်းတွင် လုပ်ဆောင်ချက် များကို အကောင်းဘက်မှ ရှုမြင်ဖော်ပြခဲ့သည်။ The Road We've Travelled ဟု အမည်ပေးထားသည့် မှတ်တမ်း ရုပ်ရှင် ကားတွင် သမ္မတ ဟောင်း ဘီလ်ကလင်တန်၊ သမ္မတကတော် မီးရှဲ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘီဒင်၊ အိုဘားမား၏ ဝန်ထမ်း အဖွဲ့ အကြီးအကဲဟောင်း ရာဟမ်အီမန်နျူရယ်နှင့် အကြံပေး အရာရှိဟောင်း ဒေးဗစ်အေဇယ် ရော့ တို့၏ အင်တာဗျူးများကို ဖော်ပြ ထားသည်။
သမ္မတသည် သမိုင်းတွင်အဆိုးရွားဆုံးဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း များအနက် တစ်ခုကို ဆက်ခံခဲ့ရကြောင်း သို့သော် သမ္မတသည် အမေရိကန်ပြည်ထောင်စု ပိုမိုအားကောင်းစေရန် ခက်ခဲသည့် ဆုံးဖြတ်ချက်များကို သူရဲကောင်းပီသစွာ ချမှတ်ခဲ့ ကြောင်းမှတ်တမ်းရုပ်ရှင်က အဓိက အားဖြင့်ဖော်ပြသည်။
ရီပတ်ဗလစ် ကင်များက ဒေါ်လာ ၃၄၅,ဝ၀ဝ အကုန်အကျခံ ရိုက်ကူးသည့် ရုပ်ရှင် ကားသည် အဓိပ္ပာယ် မဲ့သည့် ဝါဒ ဖြန့်မှုဖြစ်သည် ဟုဝေဖန်ခဲ့ကြသည်။ "အမေရိကန် ပြည်သူလူထု အနေနဲ့ လွန်ခဲ့သော သုံးနှစ်ကျော် အတွင်း သမ္မတဘာတွေ စွမ်းဆောင် ခဲ့ကြောင်း သိရှိဖို့ ဟောလိဝုဒ်ရုပ်ရှင် ကားတစ်ကား မလိုအပ်ဘူး။ သမ္မတ အိုဘားမားဟာ အလုပ်လက်မဲ့ ပိုမို မြင့်မား၍ စံချိန်တင်ကြွေးထူပြီး ဓာတ်ငွေ့ဈေးနှုန်းများ ပိုမိုကြီး အောင် ကျွန်မတို့တိုင်းပြည်ကို ဦး ဆောင်ခဲ့ကြောင်း အမေရိကန်တွေ ခံစားနေကြရတယ်ဟု ရီပတ်ဗလစ် ကင်အမျိုးသားကော်မတီ ပြောရေး ဆိုခွင့်ရအမျိုးသမီး ခရစ္စတင်းကူ ကောစကီက အေပီ သတင်းဌာနသို့ ပြောပြသည်။       http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif