http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

နိုင်ငံရေးပိုင်း ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသို့ ခရီးသွား ၀င်ရောက်မှုတိုးတက်နေ၍ ၂၀၁၂ ခုနှစ်အတွင်း လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ ခရီးသွား ၁ ဒသမ ၅ သန်း လာရောက်မျှော်မှန်း

မြန်မာနိုင်ငံတွင် နိုင်ငံရေးပိုင်း ပြောင်းလဲမှုများ တွေ့ကြုံလာရသည့် အတွက် ခရီးသွားဝင်ရောက်မှု ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၂၀၁၂ ခု နှစ်အတွင်း မြန်မာနိုင်ငံသို့ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်း ၀င်ရောက်နိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိပါသည်။
ပွင့်လင်းမြင်သာလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း နေရာများတွင် မြန်မာနိုင်ငံသည် ခရီးသွား ဧည့်သည်များအတွက် သွားလာလည်ပတ်ရန် အကောင်းဆုံးနေရာ တတိယအဆင့်နေရာ ရွေးချယ်သတ်မှတ်ခံရခြင်းများ စသည် တို့ကြောင့် ၂၀၁၁ ခုနှစ်တွင် လေကြောင်းဖြင့် ဧည့်သည် ရောက်ရှိမှု ၃ ဒသမ ၇ သိန်း ရှိခဲ့ကာ ယခင်နှစ်များထက် နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၀င်ရောက်မှု အခြေအနေ မှာ သိသိသာသာ တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ၂၀၁၂ ခုနှစ် မတ်လ ပထမပတ်အတွင်း ပြုလုပ်ခဲ့သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့သည်။


မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုသည် ၂၀၁၁ ခုနှစ်တွင် ဒေသ အလိုက် မြင့်တက်မှုရှိလာခဲ့ပြီး ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွားစုစုပေါင်း ၈၁၆၃၀၀ ကျော်ဝင် ရောက်ခဲ့ကာ ရန်ကုန်ဝင်ပေါက် တစ်ခုတည်းမှ ၃၆၄၇၀၀ ကျော်ဝင် ရောက်ခဲ့ .  .  .

ယင်းသို့ နိုင်ငံခြားသား ဧည့်သည်များ သတ်မှတ်ရည်မှန်း ထားသည့်အတိုင်း ၀င်ရောက်လာနိုင်ရေး အတွက် လက်ရှိဆောင်ရွက်နေသည့် On Arrival Visa စနစ်အား ပိုမိုမြန်ဆန်လွယ်ကူစေသည့် e-visa စနစ်ကို ဖော်ဆောင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၁၁ ခုနှစ် အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုကြောင့် ၂၀၁၂ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလာရန် သင့်တော်သော နိုင်ငံများအနက် နံပါတ် ၃ နေရာတွင် ဖော်ပြခံခဲ့ရသည်။
7253
မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုသည် ၂၀၁၁ ခုနှစ်တွင် ဒေသအလိုက် မြင့်တက်မှုရှိလာခဲ့ပြီး ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွားစုစုပေါင်း ၈၁၆၃၀၀ ကျော်ဝင် ရောက်ခဲ့ကာ ရန်ကုန်ဝင်ပေါက် တစ်ခုတည်းမှ ၃၆၄၇၀၀ ကျော်ဝင် ရောက်ခဲ့သည်။
“မြန်မာနိုင်ငံကို ခရီးသွားအ၀င် တိုးလာတာဟာ နိုင်ငံရေးပိုင်း အပြောင်းအလဲတွေ ပြုလုပ်ပြီးနောက်ပိုင်း သိသာလာပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်လာတာကလည်း အရင်က အလာနည်းတဲ့ အမေရိကန် ခရီးသွားတွေပါ တက်လာစေပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဒေသအလိုက် ခရီးသွားဝင်ရောက်မှုတွင် အာရှဒေသသည် ခရီးသွားအားလုံး၏ ၆၆ ဒသမ ၃၉ ရာ ခိုင်နှုန်း၊ အနောက်ဥရောပဒေသ သည် ၂၀ ဒသမ ၆၈ ရာခိုင်နှုန်း၊ မြောက်အမေရိကဒေသမှ ၆ ဒသမ ၄၈ ရာခိုင်နှုန်း၊ ပင်လယ်ပိုင်းဒေသမှ ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ အရှေ့ဥ ရောပဒေသမှ ၁ ဒသမ ၉၅ ရာခိုင် နှုန်း၊ အရှေ့အလယ်ပိုင်းဒေသမှ ၀ ဒသမ ၆၇ ရာခိုင်နှုန်း၊ အာဖရိက ဒေသမှ ၀ ဒသမ ၂၅ ရာခိုင်နှုန်း လာရောက်မှုရှိခဲ့သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတွေကိုလည်း ဧည့်သည်တွေက စိတ်ဝင်စားကြပါတယ်။ ရုံးချုပ်ရှိတဲ့နေရာကို လိုက်ပြပေးရတာတို့၊ အထိမ်းအမှတ် ပစ္စည်းလေးတွေ ၀ယ်နိုင်အောင် ကူညီရတာတွေ လည်းရှိတယ်”ဟု အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်တစ်ဦးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံသို့ ယခုနှစ်လာရောက်သော ခရီးသွားများထဲတွင် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးသွားများလည်း ပါဝင်လာပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခင်က အချက်အလက်များ သိရှိထားခြင်း မရှိဘဲ ယခုနှစ်ဝန်းကျင်တွင်မှ မီဒီယာများတွင် တွေ့ရှိပြီးနောက် စိတ်ဝင်စား လာရောက်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။       

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif