နေ့စဉ် အမျိုးသမီး ၁၀၀၀ ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် သေဆုံးနေကြရပြီး အများစုမှာ ကြိုတင်ကာကွယ်နိုင်သော ကိစ္စရပ် များဖြစ်ကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ဖြစ်သော Medecins Sans Frontieres (Doctors Without Borders)က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
''ဆစ်ဒနီမှာပဲ နေနေ၊ ပို့အော် ပရင့်စ်မှာပဲ နေနေ၊ မိုဂါဒစ်ရှူးမှာပဲ နေနေ အမျိုးသမီးတွေအနေနဲ့ အဆင့်မြင့် မီးဖွားစောင့်ရှောက်မှုမျိုး ရသင့်ပါတယ်''ဟု (Doctors Without Borders) အဖွဲ့မှ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ကာရာဘ လက်ဘန်းက ပြောကြားခဲ့သည်။
စောင့်ရှောက်မှုသည် ခေတ်မီဆေးရုံတွင်ဖြစ်စေ၊ ပဋိပက္ခဖြစ်ပွားနေသည့် နေရာတွင်ဖြစ်စေ၊ ဒုက္ခသည်စခန်းတွင်ဖြစ်စေ၊ ငလျင်ကယ် ဆယ်ရေးစခန်းတွင်ဖြစ်စေ တစ်ပြေးညီ ပေးနိုင်သင့်ကြောင်း၊ ပေးလည်း ပေးနိုင်သည့် ကိစ္စဖြစ်ကြောင်း အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။သားဖွားမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လိုအပ်သော ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးရေးမှာ အရေးတကြီး လိုအပ်နေဆဲဖြစ်ကြောင်း အစီ ရင်ခံစာတွင် ထုတ်ပြန်ထားသည်။ http://www.news-eleven.com
0 comments:
Post a Comment