http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

ဧရာနှင့် ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းခြင်း အစိုးရဘတ်ဂျက် မလုံလောက်၍ ပုဂ္ဂလိကနှင့် ပူးပေါင်း

အစိုးရမှ ချပေးသော ဘတ်ဂျက်ငွေ မလုံလောက်ခြင်းကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေကြောင်း ပြုပြင်ထိန်းသိမ်းရေးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းရခြင်းဖြစ်ကြောင်း နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
”လောလောဆယ် သူတို့ ရင်းနှီးစိုက်ထုတ်ထားပြီး နောက်မှ သင်္ဘောတွေဆီက ရေလမ်းဖြတ် သန်းခကို ပြန်ကောက်ခံရမှာပါ။ သူတို့ ဘယ်လိုကောက်ခံရမလဲဆိုတာ မသတ်မှတ်ရသေးဘူး။ ရေလမ်းကြောင်းတွေက တစ်ခုနဲ့တစ်ခု ရင်းနှီး မြှုပ်နှံမှုငွေကလည်း တူမှာမဟုတ်ဘူး” ဟု ၄င်းက ဆိုသည်။
အဆိုပါ မြစ်နှစ်ခု၏ မြစ်ကြောင်း ထိန်းသိမ်းရေးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသော ကုမ္ပဏီများကို မတ်လ ၁၄ ရက်နေ့တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနရုံး၌ တွေ့ဆုံညှိနှိုင်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
”စိတ်ဝင်စားလို့ မေးမြန်းတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ ကုမ္ပဏီဘယ်နှခု ဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
မြစ်ကြောင်းများ ထိန်းသိမ်းရန် စိတ်ဝင်စားသော ကုမ္ပဏီများအနေဖြင့် အစည်းအဝေး တက်ရောက်သည့်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အမျိုးသား စီ မံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင် တည်ထောင်ထားသော ကုမ္ပဏီဖြစ်ကြောင်း၊ မြစ်ကြောင်းရေလမ်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံနိုင်မှု ပမာဏ၊ အထောက်အထား၊ ရေကြောင်းပြုပြင်ခြင်းဆိုင်ရာ ရေဘက်ဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းများအတွက် ကျွမ်းကျင်သည့် နည်းပညာ၊ ပညာရှင်၊ လုပ်သားအင်အားနှင့် စက်ယန္တရားဆိုင်ရာများ ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှုအခြေအနေ၊ သက်ဆိုင်ရာဒေသ အာဏာပိုင်၏ ထောက်ခံချက်နှင့် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း အတွေ့အကြုံ ရှိမှုများကို မတ်လ ၁၄ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ နေပြည်တော်သို့ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။
ယခင်က မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တစ်နှစ်စာအသုံးပြုမည့် ဘတ်ဂျက်ကို သတ်မှတ်ထားခြင်း မရှိကြောင်း ရန်ကုန်ရေမြစ်ဖြိုးမှ တာဝန်ရှိသူက ဆိုသည်။
http://popularmyanmar.com/mpaper/archives/39145

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif