http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

ယူဂန္ဓာစစ်ဘုရင်ကို လက်ရဖမ်းဆီးရန် အထူးတပ်ဖွဲ့ ဖွဲ့စည်း

ဘင်လာဒင် သေဆုံးပြီး နောက်ကမ္ဘာ့ အလိုရှိဆုံး တရားခံအဖြစ် သတ်မှတ်ခံရသော ယူဂန္ဓာစစ်ဘုရင် ဂျိုးဇက်ကိုနီ အားလက်ရ ဖမ်းဆီးရန်အတွက် အာဖရိကသမ္မတ အထူးတပ်ဖွဲ့ တစ်ဖွဲ့ကိုတောင်ဆူဒန်နိုင်ငံတွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါတပ်ဖွဲ့တွင် စစ်အင် အား ၅ဝဝဝ ပါရှိမည်ဖြစ်ပြီး ကိုနီအား ဖမ်းမိသည့်အချိန် အထိဖွဲ့စည်းထားမည် ဟု အာဖရိကသမ္မတက သတင်းထုတ်ပြန်သည်။ ကိုနီဦးဆောင်သော ဘုရားသခင်၏ ခုခံရေးတပ်မတော် (LRA)) သည် မုဒိမ်းမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ကလေး စစ်သားများ အသုံး ပြုမှုတို့ဖြင့် စွပ်စွဲခံထားရသည်။ You tube ဝက်ဘ်ဆိုက်တွင် Koni 2012 ရုပ်သံဖိုင် လွှင့်တင်ခဲ့ ပြီးနောက် အာဖရိကသမ္မတက ကိုနီအားဖမ်းဆီးရန် အထူးတပ်ဖွဲ့ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၏ ဒေသခံကိုယ်စားလှယ် အဘူမူဆာ Abou Moussa က မစ္စတာကိုနီသည်ဗဟိုအာဖရိကနိုင်ငံတွင် ရှိနေနိုင်ကြောင်း ဆိုသည်။ အာဖရိကသမ္မတ၏ LRA ရေးရာ ကျွမ်းကျင်သူဖရန်စစ္စကို မက် ဒရီယာက ”ကိုနီကို စစ်အင်အားသုံးပြီး တားဆီးဖို့လိုနေပါပြီ။ သူ့ကို တားဆီးဖို့ စစ်ဆင်ရေး စတင်နေပါပြီ” ဟု ဆိုသည်။ LRA တွင် စစ်သည်အင်အား ၂ဝဝ မှ ၇ဝဝ ကြားတွင်သာရှိ သည်ဟု ယုံကြည်ရသော်လည်း ၄င်းသည် ခြိမ်းခြောက်မှုတစ်ရပ်ဟု ရှုမြင်ထား သည်။ ”LRA ရဲ့ အင်အား ဘယ်လောက်ပဲရှိရှိ သတိထားကိုင်တွယ်ဖို့ လိုပါတယ်။ LRA ဟာ တိုက်ခိုက်မှုတွေနဲ့ ရုန်းရင်းဆန်ခတ် အခြေ အနေတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိဆဲပါ” ဟု အဘူမူဆာက ဆိုသည်။ အာဖရိကသမ္မတ၏ အထူးတပ်ဖွဲ့တွင် ယူဂန္ဓာစစ်ခေါင်းဆောင် တစ်ဦးပါရှိပြီး တပ်ဖွဲ့များကို ယူဂန္ဒာ၊ တောင်ဆူဒန်၊ ဗဟိုအာဖရိက နိုင်ငံနှင့် ကွန်ဂိုနိုင်ငံတို့တွင် ဖြန့်ကြက်ထားမည် ဖြစ်သည်။ ဌာနချုပ်ကို တောင်ဆူဒန်နိုင်ငံတွင် အခြေစိုက်မည်ဖြစ်သည်။ BBC သတင်းထောက် ဂျိမ်းကော့နဲလ်က အထူးတပ်ဖွဲ့အနေဖြင့် ကျယ်ပြောလှသော နယ်မြေအတွင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုသည်။ LRAကို ဖြိုခွင်းရန်အတွက် အမေရိ ကန်တို့ထံမှ ရဟတ်ယာဉ်များ နှင့် ဂြိုဟ်တုနည်းပညာ များကို တောင်းခံထားသည်ဟု သိရသည်။ မစ္စတာကိုနီသည် ၂ဝဝ၈ ခုနှစ်တွင် ယူဂန္ဓာအစိုးရ၏ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ အကြောင်းပြချက်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်ကို အစိုးရက အာမခံချက် မပေးနိုင်သောကြောင့် ဟု ဆိုသည်။
http://popularmyanmar.com/mpaper/archives/40087

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif