ရန်ကုန်တိုင်း ဒေသကြီး မထသ မိသားစု များမှ ဆေးရုံ ကြီးများနှင့် လူမှုအသင်း အဖွဲ့များသို့ ကျပ် ၉၉ သိန်းပေးအပ် လှူဒါန်းခဲ့သည်။
မထသ (ရန်ကုန်တိုင်း ဒေသကြီး) သည် (၆၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် တပ်မတော် ဆေးရုံကြီး ငါးခုသို့ ငွေကျပ် ၂၇ သိန်း၊ ပြည်သူ့ဆေး ရုံကြီး ၂၁ ခုသို့ ငွေကျပ် ၆၅ သိန်းနှင့် လူမှုရေး အသင်းအဖွဲ သုံးခုသို့ ငွေကျပ် ခုနစ်သိန်း၊ စုစုပေါင်း အလှူငွေ ကျပ် ၉၉ သိန်းကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း မထသမှ သိရသည်။
အဆိုပါ ၂၃ ကြိမ်မြောက် လှူဒါန်းပွဲ အခမ်းအနားကို မတ် ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် တာမွေ မြို့နယ်ရှိ မထသ (ရန်ကုန် တိုင်းဒေသကြီး) ရုံးချုပ် သင်တန်း ခန်းမ၌ ကျင်းပခဲ့ပြီး ယင်း အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဝန်ကြီးများ၊ မထသမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည် ။ http://popularmyanmar.com/mpaper/archives/40095







0 comments:
Post a Comment