ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာများ၏နှိပ်စက်ခြင်းကိုခံခဲ့ရသည့် ချယ်လ်ဆီးကွင်းလယ်လူ အက်ဆီယန်သည် ဒီနွေတွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာပြီး၊ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လိမ့်မည်ဟု သတင်းများထွက်ပေါ်လျှက် ရှိနေသည်။
သို့ပါသော်လည်းအေးဂျင့်ဖြစ်သူက သူ၏ကစားသမားအနေဖြင့် ချယ်လ်ဆီးအသင်းဘုတ်အဖွဲ့က မန်နေဂျာသစ်၏အမည်အား တရားဝင်မကြေညာမချင်း၊ သူ၏အနာဂတ်အား ဆုံးဖြတ်သွားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အီတလီကလပ်ဆီကနေ ဘာမှမကြားရသေးပါဘူး၊ သူရော အခု ချယ်လ်ဆီးမှာပျော်ရဲ့လား...၊ အက်ဆီယန်ဟာ လက်ရှိမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အခုမှ ဒဏ်ရာက ပြန်လည်သက်သာကာစပဲ ရှိပါသေးတယ်၊ အဲတော့ အရင်ခြေစွမ်းပြန်ရဖို့ အချိန်ယူရဦးမှာပါ၊”
“ ကျွန်တော် ချယ်လ်ဆီးအသင်းနဲ့လဲစကားပြောပြီးပါပြီ၊ သူတို့ကတော့ အက်ဆီယန်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောပါတယ်၊ ဒါပေမယ့် ဘောလုံးလောကမှာ ဘာမှ မကျိန်းသေပါဘူး၊ သူ့ရဲ့စာချုပ်က သုံးနှစ်ကျန်ပါသေးတယ်၊ ဒါပေမယ့် သူ့ရဲ့အနာဂတ်က ချယ်လ်ဆီးနည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ် ” ဟု အက်ဆီယန်၏အေးဂျင့်ဖြစ်သူ က ပြောကြားသွားခဲ့သည်။ http://mutdfan.com/index.php/readmore/post/41843

0 comments:
Post a Comment