မန်စီးတီးနည်းပြ မန်စီနီက ပြီးခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် နှစ်ကျော့ပေါင်းရလဒ်အရ စပို့တင်းအသင်းအား အရေးနိမ့်ပြီး၊ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းမှာ သူ၏စပို့တင်းအသင်းအပေါ် လျှော့တွက်ခဲ့မှုကြောင့်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး၊ ပရိသတ်ကြီးအား အနူးအညွတ်တောင်းပန်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်းသည် စပို့တင်းအသင်းအား (၂-၀)ဂိုးဖြင့် ရှုံးနိမ့်နေရာမှ၊ (၃-၂)ဂိုးရလဒ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ စပို့တင်းနှင့်မတိုင်ခင်က၊ မန်စီးတီးအသင်းသည် ပေါ်တူဂီလိဂ်တွင် စပို့တင်းအသင်းအား (၁၂)မှတ်ဖြတ်ကာဇယားထိပ်အားဦးဆောင်ထားသည့် ပေါ်တိုအသင်းနှင့်တွေ့ဆုံခဲ့ရပြီး၊ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သဖြင့်၊ မန်စီးတီးနည်းပြ မန်စီတီက စပို့တင်းနှင့်ပွဲမှာ ပို၍လွယ်ကူလိမ့်မည်ဟု တွေးထင်ခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။ http://mutdfan.com/index.php/readmore/post/41842 “ စပို့တင်းနဲ့ပထမအကျော့မှာ ကျွန်တော် အမှားပြုလုပ်ခဲ့မိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပေါ်တိုနဲ့တွေ့ပြီး၊ စပို့တင်းနဲ့ ဆက်တွေ့ရတာဆိုတော့ ကျွန်တော့်စိတ်ထဲ ပိုလွယ်သွားတယ်လို့ ထင်ခဲ့မိပါတယ်၊ ဒါပေမယ့် ဘောလုံးပွဲတွေဟာ ဘယ်တော့မှ မလွယ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်အသင်းရဲ့ကစားပုံကိုတော့ဂုဏ်ယူမိပါတယ်၊ ” “ ကျွန်တော်ဟာ မန်နေဂျာပါ၊ ဒီအရှုံးရလဒ်ဟာ ကစားသမားတွေရဲ့ အပြစ်မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့အပြစ်ပါ၊ ကျွန်တော် အမှားတွေ ပြုလုပ်ခဲ့ပါတယ်၊ ” ဟု မန်စီနီက ပြောကြားသွားခဲ့သည်။ လက်ရှိအခြေအနေများအရ၊ မန်စီးတီးအသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားကိုသာ မျှော်လင့်လို့ရတော့မည်ဖြစ်သည်။ “ စပို့တင်းနဲ့ပွဲ ဒုတိယပိုင်းမှာကစားခဲ့တဲ့ စိတ်ဓာတ်အတိုင်းကစားရင်၊ ကျွန်တော့်အသင်းဟာ လာမည့်ချယ်လ်ဆီးနဲ့ပွဲကို အနိုင်ရရှိမှာပါ၊ ပရီးမီးယားလိဂ်ဖလားနဲ့ပတ်သက်ပြီး၊ ကျွန်တော့်မှာ ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ဟာ ခြောက်လလောက် ဇယားထိပ်မှာ ရပ်တည်ခဲ့တာပါ၊ ” ဟု မန်စီနီက ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး၊ ပြောကြားသွားခဲ့သည်။ | ||||
| ||||
0 comments:
Post a Comment