http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

မာဆေးလ်ပရိသတ်တွေနဲ့ပြန်တွေ့ရမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ် - ရီဘာရီ

ဘေယန်မြူးနစ်တောင်ပံကစားသမား ရီဘာရီက မာဆေးလ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ဘေယန်ကစားသမားများအနေဖြင့် မာဆေးလ်ပရိသတ် ခြောက်သောင်း၏ ကြောက်မက်ဖွယ်ရာ အားပေးမှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။

ပြီးခဲ့သည့် သောကြောနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များမဲခွဲမှုတွင်၊ ဘေယန်မြူးနစ်အသင်းမှာ မာဆေးလ်အသင်းနှင့် ယှဉ်ပြိုင်ရန် မဲကျပြီးနောက်၊ ရီဘာရီက သူ၏အသင်းဟောင်းနှင့်ပြန်လည်တွေ့ဆုံရမည့်ပွဲအတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း ပြောကြားသွားခဲ့သည်။

(၂၀၀၅)နှင့် (၂၀၀ရ)ကြား နှစ်ရာသီကြာ မာဆေးလ်အသင်းတွင်ကစားခဲ့သည့် ရီဘာရီသည် ဘေယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် လာမည့်မတ်လ (၂၈)ရက်တွင် အသင်းဟောင်းကွင်းတွင် ပြန်လည်ကစားရမည်ဖြစ်သည်။

“အဲဒီပွဲဟာ မလွယ်ကူနိုင်ပါဘူး၊ မာဆေးလ်ကွင်းဟာ အရမ်းအံ့သြဖို့ကောင်းတဲ့ ကွင်းပါ၊ မာဆေးလ်ပရိသတ်တွေဟာ ဘောလုံးအတွက် ရှင်သန်နေကြသူတွေဖြစ်ပြီး၊ မာဆေးလ်ပရိသတ် ခြောက်သောင်းလောက်က ကျွန်တော်တို့အသင်းကို ဒုက္ခပေးပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့က ဘေယန်မြူးနစ်ပါ၊ ကျွန်တော်တို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်၊ ” ဟုရီဘာရီက ပြောကြားခဲ့သည်။

ဘေယန်မြူးနစ်အသင်းသို့ (၂၀၀၇)တွင် ယူရို(၂၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ရီဘာရီသည် အသင်းအတွက် ပွဲပေါင်း(၁၈၀) ပွဲထွက်ကစားထားပြီး၊ (၆၆) ဂိုးသွင်းယူထားနိုင်ကာ၊ အကြိမ် (၉၀) ပံ့ပိုးမှုပြုလုပ်ထားနိုင်ခဲ့သည်။
Written by : ပီတာလေး    2012-03-17 16:17:43   http://mutdfan.com/index.php/readmore/post/41841

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif