http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

ဘေယန်ကလည်း ရီးရဲလ်၊ ဘာကာတို့လို ကြောက်ဖို့ကောင်းပါတယ် - ဒက်စ်ချမ့်စ် (မာဆေးလ်နည်းပြ)

မာဆေးလ်အသင်းနည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်သည် သူ့အနေဖြင့် လာမည့် ဘေယန်မြူးနစ်အသင်းနှင့်တွေ့ဆုံမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် စိုးရိမ်နေကြောင်းနှင့်၊ ဘေယန်မြူးနစ်အသင်းသည် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ကဲ့သို့ အဆင့်အတန်းမျိုးရှိသည့် အသင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

(၁၉၉၃)ခုနှစ်တွင် မာဆေးလ်အသင်းနှင့်အတူ ကစားသမားတစ်ယောက်အနေဖြင့် ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သည့် ဒက်စ်ချမ့်စ်က ဘေယန်မြူးနစ်အသင်းနှင့်ပတ်သက်ပြီး၊ အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“ ဘေယန်နဲ့ပွဲက ခက်ခဲမှာကျိန်းသေပါတယ်၊ စပိန်ထိပ်သီးနှစ်သင်းကို ရှောင်နိုင်ခဲ့တာ ကံကောင်းတယ်လို့ပြောတာ လက်ခံပါတယ်၊ ဒါပေမယ့် ဘေယန်ကလည်း သူတို့နှစ်သင်းလောက်နီးနီးကောင်းတဲ့ အသင်းပါ၊ သောမတ်စ်မူလာ၊ ဂိုမက်စ်၊ ရီဘာရီနဲ့ရော်ဘင်တို့ရဲ့ ဒီဂျာမန်အသင်းနဲ့ ရင်ဆိုင်ရမည့် နှစ်ကျော့စလုံးဟာ မလွယ်ကူနိုင်ပါဘူး၊ ဒါပေမယ့် ဒီအဆင့်ရောက်လာရင်၊ အမြဲတမ်းခက်ခဲတာချည်းပါပဲ၊ ” ဟု ဒက်စ်ချမ့်စ်က မာဆေးလ်အသင်းဝက်ပ်ဆိုဒ်မှ တဆင့်ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး၊ ဒက်စ်ချမ့်စ်က ပြင်သစ်လိဂ်အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ရပ်တည်နေသော မောင့်ခ်ပါလီယာအသင်းနှင့် ကစားပြီးနောက်သုံးရက်အကြာတွင် ဘေယန်မြူးနစ်အသင်းနှင့် ဒုတိယအကျော့ဆက်လက်ကစားရမည့် ပွဲစဉ်ဇယားအခြေအနေအား စိတ်ပျက်မိကြောင်း လည်း ပြောကြားသွားခဲ့သည်။

“အင်တာနဲ့တွေ့ခဲ့တဲ့အတိုင်း ကစားရပါလိမ့်မယ်၊ ဒါပေမယ့် မောင့်ခ်ပါလီယာအသင်းနဲ့ ကစားပြီး သုံးရက်အကြာ အင်္ဂါနေ့မှာကစားရမည့် ဘေယန်နဲ့ဒုတိယအကျော့အတွက် ကျွန်တော်အလွန်စိုးရိမ်ပါတယ်၊ ကျွန်တော့်အနေနဲ့  ဒုတိယအကျော့ကို ဗုဒ္စဟူးနေ့မှာ ကစားချင်တာပါ၊ အင်တာနဲ့တွေ့ခဲ့တုန်းကလို ပထမအကျော့မှာ အခွင့်အရေးရအောင်ယူတတ်ဖို့လိုပါတယ်၊ ဒီအချက်ဟာ အရမ်းအရေးပါပါတယ်၊ ဘာလိုပဲဖြစ်ဖြစ်၊ ဒုတိယအကျော့ပွဲစဉ်က အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ထင်ပါတယ် ” ဟု ဒက်စ်ချမ့်စ်က ပြောကြားသွားခဲ့သည်။

ဒက်စ်ချမ့်စ်၏အသင်းသည် ဘေယန်အသင်းနှင့်ကစားရမည့် ပထမအကျော့ပွဲစဉ်အား ပွဲပယ်ပြစ်ဒဏ်ခံရမည့် ဂိုးသမား စတိဗ် မန်ဒန်ဒါ၊ နှင့် ဗဟိုနောက်ခံလူ ဆူလမန် ဒီရာဝါဆာတို့မပါပဲ၊ ယှဉ်ပြိုင်ရမည်ဖြစ်သည်။     http://mutdfan.com/index.php/readmore/post/41840

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif