အေစီမီလန်နည်းပြ အယ်လီဂရီက သူ့အသင်းသည် လာမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် ဘာစီလိုနာ အသင်းအား ကျော်ဖြတ်နိုင်ပါက၊ ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
“ကျွန်တော့်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ဆုံတွေ့ဖို့ မဲကျခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ယှဉ်ပြိုင်နိုင်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နှစ်သင်းနောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက်ပိုင်း၊ ကျွန်တော့်အသင်းဟာ အများကြီး တိုးတက်လာလို့ပါ၊ ”
“ ဘာကာနဲ့တွေ့ဆုံရတာကိုက ကျွန်တော်တို့အတွက် အကျိုးဖြစ်ထွန်းမှုတစ်ခုပါ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ဆုံတွေ့ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ခြေစွမ်းကို ပိုတိုးတက်စေပါတယ်၊ တကယ်လို့သာ ကျွန်တော်တို့အနေနဲ့ ဘာကာကိုဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်၊ ဖိုင်နယ်ကို ရောက်မှာ ကျိန်းသေပါတယ် ” ဟု အယ်လီဂရီက Gazzetta dello Sport သတင်းဋ္ဌာနအား ပြောကြားသွားခဲ့သည်။
ဘာစီလိုနာနှင့်မီလန်အသင်းကွာတားပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းသည် ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာနှင့် ချယ်လ်ဆီးအသင်း ကွာတားပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ http://mutdfan.com/index.php/readmore/post/41839

0 comments:
Post a Comment