http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

ရီးရဲလ်နဲ့တွေ့မယ့် ဖိုင်နယ်အကြောင်း မစဉ်းစားနိုင်သေးပါဘူး.. လောလောဆယ် မီလန်နဲ့ပွဲက ပိုအရေးကြီးပါတယ် - ဂွာဒီယိုလာ ရီးရဲလ်နဲ့တွေ့မယ့် ဖိုင်နယ်အကြောင်း မစဉ်းစားနိုင်သေးပါဘူး..လောလောဆယ် မီလန်နဲ့ပွဲက ပိုအရေးကြီးပါတယ် - ဂွာဒီယိုလာ

ပြီးခဲ့သည့် သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မဲခွဲခြင်းအခမ်းအနားပြီးနောက်၊ ဘာစီလိုနာအသင်းမှာ ဖိုင်နယ်တွင် ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နှင့်တွေ့ဆုံရလိမ့်မည်ဟု ထင်ကြေးပေးမှုများ မြင့်တက်လာခဲ့သော်လည်း၊ ဘာစီလိုနာနည်းပြ ဂွာဒီယိုလာက သူ့အနေဖြင့် လာမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် တွေဆုံရမည့် အေစီမီလန်အသင်းကို လျှော့မတွက်ကြောင်းနှင့် လက်ရှိတွင် အေစီအသင်းနှင့်ပွဲကိုသာ အာရုံစိုက်ထားကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

“မီလန်နဲ့ပွဲကို ကျော်ပြီးစဉ်းစားတာဟာ ရူးသွပ်မှုတစ်ခုပါ၊ သူတို့ဟာ အုပ်စုတွင်းတုန်းက ကျွန်တော်တို့အသင်းကို အများကြီး ဒုက္ခပေးခဲ့တဲ့အသင်းပါ၊ ကျွန်တော်အနေနဲ့ ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ရနိုင်တဲ့ ဘင်ဖီကာ၊ ဒါမှမဟုတ်၊ ချယ်လ်ဆီးအသင်းအကြောင်းကို ကြိုစဉ်းစားနေစရာ အကြောင်းမရှိပါဘူး၊ လာမယ့် မီလန်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ခက်ခဲပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ ပရိသတ်တွေရဲ့ အားပေးမှု လိုအပ်ပါတယ်၊ မီလန်အသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ အများကြီးရှိပြီး၊ တိုက်စစ်ကို အကောင်းဆုံးဖန်တီးနိုင်ကြပါတယ်၊ ပြီးတော့ သူတို့အသင်းဟာ ခံစစ်လည်း ကောင်းကြပါတယ် ”

“ ခင်ဗျားအနေနဲ့ ချန်ပီယံလိဂ်ဖလားရချင်တယ်ဆိုရင်၊ အကောင်းဆုံးအသင်းတွေကို အနိုင်ကစားနိုင်ဖို့ လိုပါတယ်၊ မီလန်ဟာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ” ဟု ဂွာဒီယိုလာ မီလန်အသင်းနှင့်ပတ်သက်ပြီး၊ သုံးသပ်ပြောကြားသွားခဲ့သည်။
Written by : ပီတာလေး    2012-03-17 14:21:46      

http://mutdfan.com/index.php/readmore/post/41838

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif