http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

ဘာဘာတော့ဗ်နှင့် ပြန်လည်လက်တွဲလိုသည့် မာတင်ဂျိုးလ်

(၂၀၀၆)ခုနှစ်တွင် စပါးစ်အသင်းအတွက် ဘာဘာတော့ဗ်အား ခေါ်ယူခဲ့သည့် လက်ရှိ ဖူလ်ဟမ်နည်းပြ မာတင်ဂျိုးလ်သည် သူ့အနေဖြင့် မန်ယူအသင်းတွင် မပျော်မရွှင်ဖြစ်နေသည့် ဘာဘာတော့ဗ်အား သူ၏လက်အောက်သို့ ခေါ်ယူချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

စပါးစ်အသင်းတွင် ပထမရာသီ၌ပင် အသင်းအတွက် ခြေစွမ်းပြကာ ဂိုးများစွာ သွင်းယူခဲ့သည့် ဘာဘာတော့ဗ်သည် (၂၀၀၈) ခုနှစ်တွင် မန်ယူအသင်းနှင့် ချိတ်ဆက်ခဲ့သည်။

သို့ပါသော်လည်း လက်ရှိ မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့်ဘာဘာတော့ဗ်သည် ဒီနွေတွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေသောကြောင့်၊ မာတင်ဂျိုးလ်က ဘာဘာတော့ဗ်အား သူလက်ရှိနည်းပြနေသည့် ဖူလ်ဟမ်အသင်းသို့ ခေါ်ယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာဘာတော့ဗ်ဟာ မန်ယူအသင်းလိုအဆင့်အတန်းမျိုးမရှိတဲ့ အသင်းတစ်သင်းကို သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး၊ သူဟာ ထိပ်တန်းပလေယာပါ၊ ပုံမှန်ပွဲထွက်ခွင့်မရတဲ့အချိန်မှာတောင် ဂိုး (၂၀) ကျော်သွင်းပြီး အင်္ဂလန်မှာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့သူပါ၊ ” ဟု မာတင်ဂျိုးလ်က ဘာဘာတော့ဗ်အား ချီးကျူးခဲ့သည်။

မာတင်ဂျိုးလ်အား ဘာဘာတော့ဗ်အနေဖြင့် ဖူလ်ဟမ်သို့ပြောင်းရွှေ့လာပါက အောင်မြင်မှုရနိုင်ပါ့မလားဟု မေးမြန်းခဲ့ရာတွင် -

“ သူသာ ဒီကို ပြောင်းလာမယ်ဆိုလို့ရှိရင်၊ ဂိုးတွေ အများကြီး သွင်းနိုင်ပါလိမ့်မယ်၊ သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူပါ၊ သူဟာ ပွဲထွက်ကစားချင်နေပါတယ်၊ သူ့အနေနဲ့ ပွဲထွက်ကစားဖို့လည်း လိုအပ်ပါတယ် ” ဟု မာတင်ဂျိုးလ်က ပြောကြားသွားခဲ့သည်။
Written by : ပီတာလေး    2012-03-17 13:35:44           http://mutdfan.com/index.php/readmore/post/41836  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif