http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ဖခင်လောင်း တစ်ဦး အတွက် စိတ် ဖိစီးမှု များကို ဖြေရှင်းနည်းများ

အမျိုးသား တစ်ဦး အနေနဲ့ ဖခင် အသစ် စက်စက် တစ်ဦး ဖြစ်လာ တဲ့အခါ စိတ် လှုပ်ရှား ရတာ၊ ပျော်ရွှင်ရတာတွေ နဲ့အတူ စိတ်ဖိစီးမှုများလည်း ကြုံတွေ့ ရနိုင်ပါတယ်။ စိတ်ခံစားမှုများ၊ ဖခင် ဘဝ၏စိန်ခေါ်မှုများ၊ တိုးပွားလာသော မိသားစုဝင်အသစ်ကလေးနှင့် ထိတွေ့ ဆက်ဆံရေးများနှင့် ပတ်သက်ပြီး အဆင့်ပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်း ရနိုင်ပါတယ်။ တစ်ကိုယ်ရေတစ်ကာ ယ လူပျိုဘဝမှသည်အိမ်ထောင်သည် ဖခင်ဘဝသို့ ကူးပြောင်းတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာကို သိထားရန် ပိုမို လွယ်ကူသက်သာတဲ့ ဖခင်ဘဝကို ရရှိမှာပါ။
ဒါတွေ ကြုံတွေ့ လာနိုင်တယ် ခွင့်ယူ၍ မရခြင်း
မီးဖွားခွင့်ဆိုတာ မိခင်တွေမှာ သာရရှိပြီး ဖခင်တွေ ခံစားခွင့် မရှိတဲ့ အတွက် ကလေးအတွက် အချိန် ပေးနိုင်ဖို့ လုပ်ငန်းအစီအစဉ်တွေကို ကြိုတင်ရေးဆွဲစီစဉ်ထားပြီး အချိန် ရှာဖွေရမှာ ဖြစ်ပါတယ်။
တာဝန်ယူမူအသစ်များ
ယခင်က လွတ်လွတ်လပ်လပ် နေခဲ့တဲ့သူဖြစ်တယ်ဆိုရင် တာဝန်ယူမှု အသစ်တွေကို လက်သင့်ခံဖို့ ခဲယဉ်း ပါလိမ့်မယ်။ ကလေးငယ်ဟာ အစာ ကျွေးခြင်း၊ သေးစိုအဝတ်လဲလှယ်ပေး ခြင်း စသဖြင့် ပြုစုဂရုစိုက်မှုတွေကို အချိန်တိုင်း လိုအပ်နေလို့ပါပဲ။
အိပ်ရေးပျက်ခြင်း
မွေးကာစ ကလေးငယ်ကြောင့် မိခင်ရော ဖခင်ပါ ဆိုးဆိုးဝါးဝါး အိပ် ရေးပျက်နိုင်ပါတယ်။
ငွေရေးကြေးရေး အခက်အခဲ
မွေးဖွားစရိတ်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အနှီး၊ သေးစိုခံ အဝတ်စတဲ့အသုံးအဆောင် ပစ္စည်းဖိုး ကုန်ကျငွေတွေဟာ တရိပ်ရိပ်တက် လာပါတယ်။ ကလေးကို စောင့်ရှောက် ဖို့ ကလေးထိန်းငှားခြင်းကြောင့် ငွေ ကုန်ကျမှု ရှိလာနိုင်သလို မိဘနှစ်ဦး ထဲက တစ်ဦးဦးအလုပ်ထွက်ရခြင်း ကြောင့်လည်းဝင်ငွေလျော့သွားနိုင်တယ်။
လက်တွဲဖော်ကို အချိန် ပေးနိုင်မူ နည်းသွားခြင်း
ကလေးရလာခြင်းဟာ သင်နှင့် သင့်လက်တွဲဖော် နှစ်ဦးအကြားကို တတိယလူတစ်ဦး ဝင်လာခြင်းပါပဲ။ ဒါကြောင့် သင့်ဇနီးက သင့်အပေါ်ဂရု စိုက်မှု လျော့ပါးသွားနိုင်ပါတယ်။
လိင်ဆက်ဆံမှု လုပ်ဆောင်ချက် ကျဆင်းသွားခြင်း
မွေးဖွားပြီးကာစ ရက်သတ္တပတ် အနည်းငယ်အထိ လိင်ဆက်ဆံမှုကို တားမြစ်ထားပါတယ်။ ဒါပေမယ့် အဲဒီ အချိန်ကျော်လွန်သွားရင်လည်း ပင်ပန်း မှုနဲ့ စိတ်ဖိစီးမှုကြောင့် သင့်ရဲ့အဖော် က လိင်ကိစ္စကို စိတ်မဝင်စားတော့ တာ ကြုံရနိုင်တယ်။
မမွေးခင်မှာ သင်ပြုလုပ်နိုင်သည့် အချက်များ
- ဒီကိုယ်ဝန်ကို သင်စိတ်ဝင်တစား အလေးအနက် ထားကြောင်း ပြသပါ။ ကလေးငယ်ဗိုက်ထဲမှာ ကန်တာကို လက်နဲ့စမ်းကြည့်တာမျိုး၊ ဆေးခန်း လိုက်ပို့တာမျိုးပေါ့။
- ကိုယ့်မှာရှိတဲ့ငွေနဲ့ မွေးဖွားစဉ် နဲ့ မွေးဖွားပြီး ကုန်ကျနိုင်တာတွေကို ခန့်မှန်းတွက်ချက်ပြီး ရှာဖွေပြင်ဆင် ထားပါ။
- သင့်ရဲ့နေ့စဉ်ဘဝနဲ့ ဆက်ဆံရေး မှာ အဆိုးနဲ့အကောင်း အပြောင်း အလဲတွေ ကြုံတွေ့လာနိုင်တာကို ဇနီး သည်ကို ပြောပြထားပါ။
မွေးဖွားပြီးရင် သင်ပြုလုပ်ရမှာ တွေက
- သင့်ဇနီး ဆေးရုံမှာမီးဖွားရင် လူနာစောင့်ဟာ သင်ပဲဖြစ်သင့်ပြီး ဇနီး နှင့် ကလေးနှင့် အတူနေထိုင်ပါ။ သင့် ကိုယ်သင် ဘေးလူတစ်ယောက်လိုမျိုး မဖြစ်ပါစေနဲ့။ အဓိကကျတဲ့ ပါဝင်သူ ဖြစ်အောင် ကြိုးစားပါ။
- ကလေးကို နို့ဘူးတိုက်ခြင်း၊ အဝတ်လဲပေးခြင်း စသည့်အလုပ်တွေကို ဇနီးသည်နှင့် တစ်လှည့်စီ တာဝန်ယူ ပေးပါ။
- ကလေးကို ချီပွေ့၊ ချော့မြှူခြင်း၊ ကစားခြင်း များ ပြုလုပ်ပါ။
- ဇနီးသည်နှင့် အချစ်သစ်တွေ ပြန်လည် စတင်ပါ။ သင့်ဇနီးရဲ့ လိင်ကိစ္စအပေါ် ယာယီစိတ်ကုန်ခြင်း ကို နားလည်မှုပေးပြီး သင့်ဇနီးဆီက ကလေးမရခင် အရင်တုန်းကလိုမျိုး အခြေအနေပေးနိုင်တဲ့ အချိန်တစ်ခုကို ရှာဖွေပါ။
- သင်တို့ရဲ့ မိဘ ဘဝအဖြစ်သို့ ရောက်ရှိခြင်းဆိုတဲ့ ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ဇနီးသည်နှင့် စကား စမြည်ပြောဆိုပါ။ သင့်ကလေး အရွယ် ရောက်သွားတဲ့အခါသင်တို့ဇနီးမောင်နှံ နှစ်ဦး တစ်ဦးကိုတစ်ဦး အထောက် အပံ့ပေးနိုင်ခြင်းများအကြောင်း စသ ဖြင့်ပေါ့။
- အကယ်၍ သင်ဟာ ဖခင်ဘဝ ဆိုတဲ့ အသစ်စက်စက် အပြောင်းအလဲမှာ လုံးဝနေသားမကျဘူးဆိုရင် ဒါမှမဟုတ် ဆက်ဆံရေးမှာ ပြဿနာကြုံတွေ့နေ ရရင်၊ ဒါမှမဟုတ် သင်ဟာ စိတ်ကျ ရောဂါခံစားနေရဟန်တူရင် စိတ်ကျန်း မာရေးဆရာဝန် ဒါမှမဟုတ် အခြား အတိုင်ပင်ခံ နှစ်သိမ့်ဆွေးနွေး အကြံ ပေးသူများနှင့် တွေ့ဆုံပါ။ ဖခင်အသစ်စက်စက် တစ်ဦးဖြစ် လာခြင်းဟာ ဘဝနဲ့ချီတဲ့ အပြောင်း အလဲတစ်ခုဖြစ်ပါတယ်။ ရှေ့မှာကြုံ တွေ့လာနိုင်တဲ့ အခက်အခဲတွေကို သတိမူပြီး ကြိုတင်စီစဉ်ချထားခြင်း အားဖြင့် သင်ဟာ စိတ်ဖိစီးမှုများကို ပို၍လျှော့ချနိုင်မှာဖြစ်ပြီး သင့်ရဲ့ မိသားစုအသစ်နဲ့ ကြည်နူးပျော်ရွှင်တဲ့ အချိန်တွေ ပိုပြီးရရှိလာမှာဖြစ်ပါတယ်။       http://yoyarlay.com/health/health/article/24510-2012-03-21-09-28-18

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif