http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

ဘတ်စကားများ ရပ်၊ တင်၊ ထွက်စနစ် မကျင့်သုံးခြင်းကို စောင့်ကြည့် အရေးယူမည်

ခရီးသည်တင် ဘတ်စကားများ ရပ်၊ တင်၊ ထွက်စနစ် မကျင့်သုံးဘဲ မှတ်တိုင်တွင် အချိန်ဆွဲရပ်နေခြင်းများကို စောင့်ကြည့် ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိပါသည်။

အဆိုပါ စောင့်ကြည့် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် စောင့်ကြည့် ထိန်းသိမ်းရေးအဖွဲ့များ ထားရှိဆောင်ရွက်ပြီး လိုက်နာမှုမရှိသည့် ယာဉ်များကို ယာဉ်လိုင်းပိတ် သိမ်းသည်အထိ အရေးယူဆောင်ရွက် မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသို့ ရပ်၊ တင်၊ ထွက် စနစ် မကျင့်သုံးသည့် ခရီးသည်တင် ဘတ်စကားများကို ဖမ်းဆီးအရေးယူများ ပြုလုပ်ရာတွင် အချက်အချာကျသည့် နေရာများတွင် စောင့်ကြည့်အရေးယူ သွားမည်ဖြစ်ကာ ခရီးသည် များကလည်း မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ရပ်နေသည့် ဘတ်စ်ကားများနှင့် စီးနင်းတွေ့ကြုံရပါကလည်း ယာဉ်အမှတ်နှင့် အချိန်အား တိတိကျကျ မှတ်သားကာ မထသ(ဗဟို)သို့ တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် ရပ်၊ တင်၊ ထွက် စနစ် မကျင့်သုံးသည့် ခရီးသည်တင် ဘတ်စကားများကို အချက်အချာကျသော နေရာများဖြစ်သည့် အင်းစိန် ပေါက်တောဝ လမ်းဆုံ၊ အင်းစိန်ပန်းခြံ၊ ဘုရင့်နောင်လမ်းဆုံ၊ မြောက်ဥက္ကလာပ အ၀ိုင်းနှင့် ခြောက်ကွေ့၊ မြေနီကုန်း လမ်းဆုံ၊ လှည်းတန်း လမ်းဆုံ၊ ရွှေဂုံတိုင်မီးပွိုင့်၊ တာမွေ ဈေးရှေ့၊ ယုဇနပလာဇာ၊ မဟာဗန္ဓုလလမ်းရှိ ၃၈ လမ်းထိပ်၊ ဗန္ဓုလပန်းခြံ၊ အနော်ရထာလမ်းရှိ လမ်း ၄၀ ထိပ်နှင့် သိမ်ဖြူစာတိုက် တို့တွင် ဖမ်းဆီးစစ်ဆေး အရေးယူသွားမည်ဖြစ်သည်။   http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif