http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

လူပြောစရာဖြစ်အောင် မနေပါဘူး၊ လောကကြီးက နေတတ်ရင်ကျေနပ်စရာကြီးပါဆိုတဲ့ အေသင်ချိုဆွေ

မေး - အေသင်သီချင်းရွေးရင် ပရိတ်သတ်အကြိုက်ရွေးလား၊ အေသင်အကြိုက်ရွေးတာလား။
ဖြေ - အေသင်ကတော့ အတတ်နိုင်ဆုံး ပရိသတ်ကြိုက်မယ့်သီချင်းကို ရွေးပြီးလုပ်မှာပဲ။ ကံနဲ့လဲဆိုင်ပါတယ်။ ဒါပေမဲ့ အေသင်တာဝန်အရ ဒီထက်မက ကောင်းအောင်ပဲကြိုးစားသွားမှာပါ။ အစစ အရာရာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။
မေး - အလွမ်းသီချင်းတွေ အရေးများတော့ အလွမ်းစိတ်ရှိတယ်လို့ ပြောခဲ့တယ်။ ဘယ်လိုရှိခဲ့တာလဲ။
ဖြေ - အေသင်က အထီးကျန်နေရတာ များတော့ တဖြည်းဖြည်းနဲ့ အခုလိုအဆွးသီချင်းမျိုး ရေးဖြစ်တာပါ။
မေး - အထီးကျန်တယ်လို့ ခံစားရချိန်မှာ ကိုယ့်အတွက် ပျှော်ရွှင်မှုကို ဘယ်လိုရှာလဲ။
ဖြေ - အဲဒီလိုစိတ်က ဖြစ်လာရင်သီချင်းလေး နားထောင်လိုက် စိတ်က သူ့အလိုလိုပျော်ပြီး စိတ်ညစ်တာတွေ ပျောက်သွားတယ်
မေး - အနုပညာလောကထဲကို ဝင်လာတဲ့သူ တော်တော်များများ အပြောအဆို ခံကြရတယ်။ အေသင်ရော အပြောအဆို ကဲ့ရဲ့တာတွေ လွတ်အောင်ဘယ်လိုနေလဲ။
ဖြေ - အနေမှန်ပြီး အေးဆေးနေတတ်မယ် ဆိုရင်တော့ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုဘူုးဆိုပေမဲ့ သူတို့တွေရဲ့ ထင်မြင်တာတွေရှိမယ်။ သူတို့စိတ်နဲ့ နှိုင်းပြောတာရှိမယ်။ အေသင်က မိဘတွေရဲ့ အထိန်းအကွပ်ရှိတယ်။ လူပြောစရာရှိအောင်မနေပါဘူး။ တစ်ခါတစ်လေတော့လူဆိုတာ အမှားဆိုတာ တွေရှိတတ်ကြတာပဲ။     မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif