Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Wireless keyboard နဲ့ Magic Track pad or Mouse အတွက် အထူးထုတ်လုပ်လိုက်တဲ့ Mobee အမှတ်တံဆိပ် Magical Wireless Charger ပဲဖြစ်ပါတယ်။ ဒီ Charger ကို ကွန်ပျူတာနဲ့ချိတ်ဆက်ကာ Apple Wireless keyboard နဲ့ Track pad or Mouse တွေကို ကြိုးမဲ့အနေနဲ့ အားပြန်သွင်းနိုင်မှာဖြစ်ပြီး ဒီCharger ကို ၈နာရီခန့် အားအပြည့်သွင်းထားမယ်ဆိုရင်တော့ ၆ရက်ကြာခန့် အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ခရီးထွက်တဲ့အခါမှာလည်း အလွယ်တကူ သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Plug &Play အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ဒီChanger နဲ့အတူ AA size ဘက်ထရီ နှစ်လုံး၊ micro-USB cable ကြိုးတစ်ခုပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်
0 comments:
Post a Comment