ရှိမဖြစ် ကွန်ပျူတာ ဆက်စပ်ပစ္စည်းဖြစ်တဲ့ Mouse ကို အဆင့်မြင့် နည်းပညာတွေ ပေါင်းစပ် အသုံးပြုပြီး ပုံသဏ္ဍာန်နဲ့ စွမ်းဆောင်ရည်အမျိုးမျိုးဖြင့် တီထွင်ထုတ်လုပ်လာပါတယ်။ Logitech နဲ့ Microsoft တို့လို နည်းပညာ ကုမ္ပဏီကြီးတွေကလည်း လုပ်ငန်းအမျိုးမျိုးမှာ အသုံးပြုနိုင်ဖို့အတွက် စွမ်းဆောင်ရည်အမျိုးမျိုးရှိတဲ့ mouse တွေကို တီထွင်ထုတ်လုပ်ပေးလာကြပါတယ်။ ယင်းတို့ထဲကမှ အကောင်းဆုံး mouse (၁၀) မျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
ဖန်သားမျက်နှာပြင် အပါအဝင် မည်သည့်မျက်နှာပြင် အမျိုးအစားပေါ်မှာမဆို အလွယ်တကူ အသုံးပြုနိုင်ပြီး ပြန်လည်အားသွင်း၍ လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းအသီးသီးအတွက် အလွန်အသုံးဝင်ပြီး mouse ခလုတ်တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
Gaming mouse တစ်မျိုးဖြစ်တဲ့ R.A.T.9 ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီနှစ်လုံးနဲ့ အသုံးပြုနိုင်တဲ့အပြင် အားသွင်းပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ Mouse ကိုတည်ဆောက်ထားပုံဟာ ကျစ်လျစ်ပြီး function တွေကောင်းမွန်စွာ အသုံးပြုနိုင်မဲ့ခလုတ် တွေလည်း ထည့်သွင်းပေးထားကာ PC gamer တွေ အကြိုက်တွေ့မယ့် mouse တစ်မျိုးဖြစ်ပါတယ်။
မည်သည့်ပြင်ညီမျက်နှာပြင်ပေါ်မဆို အသုံးပြုနိုင်ဖို့အတွက် BlueTrack sensor ထည့်သွင်းပေးထားပြီး နေရာယူမှုမှာလည်း သက်သာပါတယ်။ အသုံးပြုရလွယ်ကူပြီး ဆန်းသစ်တဲ့အသွင်အပြင်နဲ့ ထုတ်လုပ်ထားကာ အလေးချိန်လဲပေါ့ပါးလှပါတယ်။ ဘယ်သန်တွေအတွက်တော့အဆင်မပြေပါဘူး။
Dual-mode scroll wheel ပါဝင်ပြီး profile တစ်ချို့ကိုလည်း onboard memory မှာ မှတ်သား သိမ်းဆည်းနိုင်ပါတယ်။ တခြား gaming mouse အမျိုးအစားတွေနဲ့ ယှဉ်ပြိုင်အသုံးပြုနိုင်တဲ့ mouse တစ်မျိုးဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း လျင်မြန်ကောင်းမွန်ပါတယ်။
ဒီဇိုင်းအသွင်အပြင်ကဆန်းသစ်ပြီး အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်စေမယ့် ပုံမျိုးနဲ့ထုတ်လုပ်ထားပါတယ်။ Touch-sensitive scroll table ပါဝင်ပြီး Blue Track sensor ကို အသုံးပြုထားကာ feature တွေလည်း စုံလင်တာတွေ့ရပါတယ်။
ဖန်သားမျက်နှာပြင် အပါအဝင် မည်သည့်မျက်နှာပြင်မျိုးမှာမဆို အသုံးပြုနိုင်မယ့် Darkfield နည်းပညာနဲ့ ထုတ်လုပ်ထားပြီး ဘက်ထရီသုံးစွဲမှုကို လျှော့ချပေးမယ့် Power ခလုတ်ကိုလည်း ထည့်သွင်းထားပါတယ်။ AA အမျိုးအစား ဘက်ထရီနှစ်လုံးနဲ့ အသုံးပြုနိုင်ပြီင်္း အလေးချိန်ကလည်း ပေါ့ပါးပါတယ်။
Wireless receiver မှတစ်ဆင့် ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး USB port နဲ့ ပြန်လည်အားသွင်းပြီး အသုံးပြုနိုင်ပါတယ်။ Wi-Fi ကွန်၇က်စနစ် ထည့်သွင်းထားသောကြောင့် အလွယ်တကူ အသုံးပြုနိုင်တဲ့ mobile mouse ဖြစ်ကာ Windows 7 PC အသုံးပြုသူတွေ အကြိုက်တွေ့စေမယ့် mouse လည်းဖြစ်ပါတယ်။
စွယ်စုံအသုံးပြုနိုင်တဲ့ Hyperscroll wheel ကို ထည့်သွင်းပေးထားပြီး sensor ကိုလည်း အကောင်းဆုံးအနေအထားနဲ့ ကာကွယ်ပေးထားပါတယ်။ အကောင်းဆုံးတုံ့ပြန်မှုနဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး တန်ဖိုးကလည်း သင့်တင့်ပါတယ်။
ခလုတ် ၁၂ ခုပါဝင်ပြီး အရွယ်သေးငယ်တဲ့ keypad ထည့်သွင်းပေးထားတဲ့ ကြိုးမဲ့ gaming mouse ဖြစ်ပါတယ်။ 5,600 dpi laser sensor ထည့်သွင်းထားပြီး LED backlighting စနစ်ပါဝင်ကာ control စနစ်တွေ အလွန်ကောင်းမွန်တဲ့ gaming mouse ဖြစ်ပါတယ်။
မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်







0 comments:
Post a Comment