http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ပြည်သူ့ဝန်ထမ်းများ၏ အနိမ့်ဆုံးအခြေခံ လစာ ကျပ်တစ်သိန်းဝန်းကျင် ဖြစ်သင့်

ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခ လစာများအား နိုင်ငံတော်တွင် ငွေကြေး လုံလောက်အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှ တစ်လ ကျပ်တစ်သိန်းဝန်းကျင် ဖြစ်သင့်ပါကြောင်း၊ ထိုသို့ပေးရန် အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ် ရေးအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလာသော စီမံကိန်းများ၊ လုပ်ငန်း များနှင့် ဆောင်ရွက်ရန်မသင့်သေးသော စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့မှ ပေါ်ထွက်လာသော ငွေ များဖြင့် ၂၀၁၂ - ၁၃ ဘတ်ဂျက်အစ တွင် လစာများတိုးမြှင့်နိုင်မည်ဟု တွေ့ မြင်သိရှိထား ပါကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဖေဖော်ဝါရီလ ၂၁ ရက်စွဲ ဖြင့် ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် ဖော်ပြ ပါရှိသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန်အစည်းအဝေး သည် နိုင်ငံတော်အတွက်နှင့် လွှတ်တော် အတွက် အထူး အရေးကြီးသကဲ့သို့ သမိုင်းတွင်မည့် အစည်းအဝေးလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသား စီမံကိန်းများနှင့် ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြု ပြဋ္ဌာန်းပေးရမည့် အစည်းအဝေးလည်း ဖြစ်ကြောင်းဖြင့် ၎င်း၏အချက် ၁၄ ချက် ပါ သ၀ဏ်လွှာကို သူရဦးရွှေမန်းက အစပျိုးတင်ပြခဲ့သည်။
"ခေတ်ပြောင်း စနစ်ပြောင်းတွင် နောင်လာနောက်သားများအတွက် အတုယူဖွယ်၊ ဂုဏ်ယူဖွယ်၊ သာဓကပြ ဖွယ် ဖြစ်ရေးအတွက် နာယကကြီး ဦးဆောင်သော မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက တာဝန်အရ ဆောင်ရွက်ရမည့်ကိစ္စများ ကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားကြရ မှာ ဖြစ်ပါတယ်။ "တင်ပြလာသော စီမံကိန်းများ၊ ပရော ဂျက်များကို မိမိတို့က စိတ်ကောင်း စေတနာဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံ့ အကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေ များကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုကြစေရန် ဥပဒေပြုအဖွဲ့ အစည်းများက လေ့လာသုံးသပ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်"ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
"လွှတ်တော်ကျင်းပနေသည့် ယနေ့ ကာလတွင် ယင်းကိစ္စကို အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် အချိန် ပေးပြီး စေ့စေ့စပ်စပ် လေ့လာဆောင်ရွက် ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ "စိစစ်လေ့လာ သုံးသပ်ချက်အရ ပိုထွက်လာသော ငွေများကို ပြည်သူ့ ၀န်ထမ်း များအား ၎င်းတို့၏ အခြေခံ စားဝတ်နေရေးအတွက် လုပ်ခလစာ များ သတ်မှတ်ဆောင်ရွက်ပေးရန် ဖြစ် သည်ဟု အစိုးရအဖွဲ့က ခံယူဆောင် ရွက်ပေးရမှာဖြစ်ပါတယ်။ ယနေ့ နေပြည်တော်အတွင်းရှိ အလုပ်သမား တစ်ဦး၏ လုပ်ခလစာများကို လေ့လာ တင်ပြ လိုပါတယ်။ အလုပ်ဝင်စ အလုပ် သမား တစ်ဦး၏ လစာ တစ်လကျပ် ခြောက်သောင်း၊ လုပ်သက် တစ်နှစ် နှစ်နှစ်ရှိလျှင် ကိုးသောင်း၊ နှစ်နှစ် သုံးနှစ်ရှိလျှင် တစ်သိန်းနှစ်သောင်းနှင့် သုံးလေးနှစ်လုပ်သက်ရှိလျှင် ကျပ် တစ်သိန်းခွဲရရှိပါတယ်။ ဒါကြောင့် ၀န်ထမ်းများ အတွက် လုပ်ခလစာများ အား ငွေကြေးအဆင်ပြေလျှင် လုပ်ခ လစာ အနိမ့်ဆုံး ပျမ်းမျှ ကျပ်တစ်သိန်း နှုန်းဖြစ်သင့်ပါတယ်။ "အနိမ့်ဆုံး ကျပ်တစ်သိန်း ရရှိသော သူအား ထိုက်သင့်သောအခွန် နုတ် ပယ်ပါက တစ်လရှစ်သောင်း၊ ကိုးသောင်း ပေးသင့်ပါ တယ်"ဟု ၎င်းက သ၀ဏ်လွှာကို မပေးပို့မီ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ လွှတ်တော်သို့ ဦးစွာ ဖတ်ကြား အသိပေးခဲ့သည်။
ထိုသို့ လုပ်ခလစာများ တိုးမြှင့်ပေး နိုင်ရန် ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ ၍ခွင့်ပြုခြင်း ပြုလုပ်ရမည်ဖြစ်သော စီမံကိန်းများအဖြစ် စက်မှုဖွံ့ဖြိုးရေးစီမံ ကိန်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေးစီမံကိန်း တို့ တွေ့ရှိရကြောင်း၊ တင်ပြပါသော စီမံကိန်းများကို ဆက်လက် စိစစ်ပါက ထိုသို့ဆောင်ရွက်ရန် ပေါ်ထွက်လာနိုင် သော အခြားစီမံကိန်းများလည်း ရှိနိုင် ကြောင်း၊ ထို့ပြင် မလိုအပ်သော အသုံး စရိတ်များကို လျှော့ချသောအားဖြင့် လည်း ဆောင်ရွက်နိုင်ကြောင်း၊ အခွန် ၀င်ငွေတိုးတက်ရရှိရေးအတွက် အခွန် ဥပဒေများနှင့် အခွန်ကောက်ခံမှုစနစ် များအား ကောင်းမွန်ရေး၊ အများပြည်သူ များအား အခွန်ထမ်းဆောင်လိုစိတ်ရှိ သော၊ ထမ်းဆောင်နိုင်သော ၀င်ငွေ၊ လုပ်ခ၊ လစာများ သတ်မှတ်ပေးရေးနှင့် အခွန်ကောက်ခံမှုစနစ် ဥပဒေများကို အမြန်ဆုံး တင်ပြ ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်က တိုက်တွန်းသွား ရန်လည်း မိမိက အဆိုပြုလိုပါကြောင်း လည်း သူရဦးရွှေမန်းက ဖတ်ကြား တင်ပြခဲ့သည်။
"ပြည်သူ့ဘဏ္ဍာငွေတွေကို ပြည်သူ့ ကိုယ်စားလှယ်များက သေချာစစ်ဆေး ပြီး မသုံးသင့်သည်များ၊ မကုန်သင့်သည် များကို ပြည်ထောင်စုလွှတ်တော်က စနစ်တကျ စိစစ်ဆောင်ရွက်ပေးပါက ၀န်ထမ်းများ၏ လစာနှင့် စရိတ်များအား အတိုင်းအတာတစ်ခုအထိ အမှန်တကယ် တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါတယ်"ဟုလည်း သူရဦးရွှေမန်းက ဖတ်ကြားခဲ့သည်။
ဝန်ထမ်းကောင်းမှ အစိုးရကောင်း မည်၊ အစိုးရကောင်းမှ နိုင်ငံနှင့် ပြည်သူ များ အကျိုးခံစားရမှာဖြစ်ပြီး ၀န်ထမ်း များကို နိုင်ငံတော် ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များမှ စေတနာထား အသိအမှတ်ပြုမှုကို လက်တွေ့ခံစားရရှိ ကာ စိတ်ဓာတ်နှင့် စည်းကမ်း ကောင်း မွန်စွာဖြင့် အင်ပြည့်အားပြည့် ပါဝင်ကာ နိုင်ငံတော်တည်ထောင်ရေးတွင် စွမ်းအင်များ တိုးမြှင့် ရရှိလာမည်ဖြစ် ကြောင်း၊ အနာဂတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော် လွှားနိုင်မှာဖြစ်ကြောင်းလည်း သ၀ဏ် လွှာတွင် ဖော်ပြပါရှိသည်။
ထို့ပြင် " Clean government, good governamce ဖြစ်ရန် ဆောလျင်စွာ အသက်ဝင်လာသည်နှင့်အမျှ နိုင်ငံတော်၏ ရှေ့ဆက် သွားရမည့် ခရီးအတွက် လည်း ရင်အေးရမည်ဖြစ်ပါတယ်။ သို့ပါ ၍ ယခု ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်ကြီးက နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့က တင်ပြလာသော အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ကြမ်းများအား စေတနာမှန်ဖြင့် လေ့လာ သုံးသပ်၍ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ဂုဏ်၊ ပြည်ထောင်စု လွှတ်တော်ကြီး၏ ဂုဏ်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များ၏ ဂုဏ်တို့ကို ဖော်ဆောင်ပေးပါရန် လိုအပ်ပါကြောင်း သ၀ဏ်လွှာပေးပို့ပါတယ်"ဟု သူရဦးရွှေမန်းက သ၀ဏ်လွှာ ၏အဆုံးကို ဖတ်ကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပေးပို့လာသော အဆိုပါသ၀ဏ်လွှာအား ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖော်ဝါရီလ ၂၂ ရက် တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ် တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ အစည်းအဝေးတွင် လွှတ်တော်သို့ ဖတ်ကြားခဲ့သည်။      http://myanmar.mmtimes.com/2012/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif