http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

အနုပညာဗီဇပါတဲ့ သမီးဖြစ်သူရဲ့ ဆန္ဒတွေကို ပံ့ပိုးပေးမယ့် မင်းမော်ကွန်း

မင်းမော်ကွန်းက ကလောမှာ “ရွှေ”နဲ့ ကလေးကလား ကလောသား” ဆိုတဲ့ဗီဒီယို ၂ကားကို သွားရောက်ရိုက်ကူး နေပါတယ်။ အခုဆိုရင် မင်းမော်ကွန်းရဲ့ သမီးလေး
လေပြေသွေး ကလည်း အနုပညာဗီဇပါတဲ့ သမီးဖြစ်သူပီပီ ယူရေနီယမ်မှာ အကသင်နေတာ တော်တော်ကြာနေပါပြီ။ ဝါသနာပါတဲ့အလျောက် ကြိုးလည်းကြိုးစားတဲ့ သမီးဖြစ် သူကိုကြည့်ပြီး အားရကျေနပ်နေတဲ့ မင်း မော်ကွန်းပါ။ “သမီးက ဝါသနာပါတဲ့အလျောက်လည်း ကြိုးစားတယ်။ အခုသူတို့ Little Uranium အကအဖွဲ့မှာလည်း သူတို့အဖွဲ့က ကလေးတွေ အားလုံးညီကြတယ်။ ကြိုးစားကြတယ်။ အဲဒါ တွေကြည့်ရတာ ကျေနပ်ပါတယ်။ သူ့ကိုလည်းဖြစ်စေချင်တယ်။ သူအနုပညာ အလုပ်လုပ်တာကို လည်း ခွင့်ပြုပါတယ်။ ကျွန်တော်တို့ ဒီအလုပ်ကို ဝါသနာပါလို့ ဒီနေရာရောက်အောင် ကြိုးစားတဲ့အချိန်မှာ ကျန်တာတွေက ဘာမှ ခေါင်းထဲထည့်စရာမလိုပါဘူး။ ကိုယ်ဖြစ် ချင်တာ ကိုယ် လုပ်ဖို့ပါပဲ။ ကျွန်တော်က သူ့ကို ဂီတဘက်ကို သင်မယ်ဆို အခြေခံကစပြီးတက်စေချင်တယ်။ အခုလောလော ဆယ်တော့ အိမ်မှာစန္ဒရား တီးသင်နေတယ်။ သူလုပ်ချင် တာကို ပံ့ပိုးပေးသွားမှာပါ။ သူက အနုပညာပိုးတော့ တော်တော်ကြီးတယ်” လို့ သမီးနဲ့ပတ်သက်ပြီး ပြောပြပါ တယ်။ သင်္ကြန်လည်း ရောက်တော့မှာဖြစ်ပြီး   နှစ်ဆန်းတစ် ရက်နေ့ဆို အလှူလုပ်လေ့ရှိတဲ့ မင်းမော်ကွန်းကို ဒီနှစ် သင်္ကြန်လည်း အလှူလုပ်ဖို့ အစီအစဉ်ရှိလားဆိုတော့ “ကျွန်တော်တို့က အသက်ကြီးလာပြီဆိုတော့ သင်္ကြန်ကို ငယ်ငယ်တုန်းကလိုတော့ သိပ်ဖီလင်မရှိတော့ပါဘူး။ ဒီနှစ် ဘာလုပ်ရမယ်ဆိုတာ မစဉ်းစားရသေးဘူး။ မဏ္ဍပ်လည်း မဆောက်  တော့ပါဘူး။ ဘုန်းကြီးဝတ် တာကလည်း အခြေ အနေပေါ်မူတည်ပြီး ကျွန်တော် ဘာကားရိုက်ရမယ်ဆို တာနဲ့ ပြန်တွက်ရဦးမယ်။ ခါတိုင်းဆို နှစ်ဆန်း တစ်ရက်နေ့ဆို အမြဲတမ်းကုသိုလ် ကောင်းမှု တစ်ခုခုလုပ်လေ့ရှိပါ တယ်”လို့ ပြောပြပါတယ်။
http://popularmyanmar.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif