http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

လှိုင်မြစ်ရေကို သန့်စင်ကာ ရန်ကုန်မြို့ကိုတစ်နေ့လျှင် ရေဂါလန် သန်း ၉၀ ခန့် ပေးဝေမည့် စီမံကိန်းအသစ်အတွက် အကြိုလေ့လာမှုလုပ်ငန်းများ ပြုလုပ်

န်ကုန်မြို့တော်၏ ရေပေးဝေရေး စီမံကိန်းအသစ်တစ်ခုအဖြစ် လျာထားသည့် လှိုင်မြစ်ရေတင်(ကွေ့တန်းရှည်) စီမံကိန်းအတွက်  အကြိုလေ့လာမှုလုပ်ငန်းများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ သတင်းရရှိသည်။

လှိုင်မြစ်ရေတင်(ကွေ့တန်း ရှည်)စီမံကိန်းမှာ မှော်ဘီမြို့နယ် ကွေ့တန်းရှည်ရွာအနီး လှိုင်မြစ်၏ အငန်ဓာတ်လျော့နည်းသည့်အပိုင်းမှ သန့်စင် ကာပေးဝေမည်ဖြစ်ပြီး တစ်နေ့လျှင် ရေဂါလန် သန်း ၉၀ ခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်၏ လက်ရှိလူဦးရေနှင့် တိုးပွားလာမည့် လူဦးရေအတွက် ရေပေးဝေနိုင်မည့် ရေအရင်းအမြစ်သစ်များ လိုအပ်လာမည်ဖြစ်ရာ ယင်းအတွက် အဆိုပါစီမံ ကိန်းကို ပြုလုပ်ရန် လျာထားခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
''ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေက ခြောက်သန်းနီးပါးလောက် ရှိပါတယ်။ လာမယ့် ၂၀၄၀ ခုနှစ်မှာ ရန်ကုန်မြို့မှာ လူဦးရေ ၁၀ သန်းဖြစ်လာမယ်လို့ မှန်းထားတဲ့အတွက် ရေ လုံလောက်စွာ ပေးနိုင်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ ရေပေးဝေရေး စီမံကိန်းအသစ်တွေ ရှာဖွေနေတယ်။ လောလောဆယ် တွေ့ရှိထားတဲ့ မှော်ဘီက လှိုင်မြစ်ရေတင်(ကွေ့တန်းရှည်) စီမံကိန်းတွေအတွက် အကြိုလေ့လာမှုတွေ လုပ်နေပါတယ်။ အဲဒီစီမံကိန်းက တစ်နေ့ကို ဂါလန် ၉၀ လောက်ရမယ်။ စီမံကိန်းကလုပ်ရမယ့် ပမာဏကြီးမားတဲ့အတွက် မြို့တော် စည်ပင်ဘတ်ဂျက်နဲ့ဆိုရင် နည်းနည်းကြာနိုင်တယ်။ ဒါကြောင့် ရေမြန်မြန်ပေးဝေနိုင်အောင် ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ ရေပေးဝေမှုလုပ်ငန်းတွေအတွက် လုပ်ငန်းရှင်တွေနဲ့ ဒါပထမဆုံး ပူးပေါင်းပြုလုပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအတွက် MoU လက်မှတ်ထိုးဖို့ ပြင်ဆင်နေပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယင်းစီမံကိန်းကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ငမိုးရိပ်ချောင်းနှင့် အမှတ် ၇ လမ်းဆုံရာ စစ်ပင်တောင်ကျေးရွာအနီးတွင် သတ်မှတ်ထားကြောင်း သိရသည်။
  ELEVEN MEDIAမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif