http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

 အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ မဲဆွယ်စည်းရုံး ဟောပြောမှုများ ပြုလု

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ် မြို့တော်၌ မတ်လ ၆ ရက်နေ့က မဲဆွယ်စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆွယ်စည်းရုံး ဟောပြောပွဲသို့ ပါတီခေါင်းဆောင်များ ဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးတိုးပိုတို့က လက်ရှိနိုင်ငံရေး အနေအထား၊ ပါတီ အခြေအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး စိတ်ဝင်စားသူ မဲဆန္ဒရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပါတီခေါင်းဆောင်များက NLD နှင့် NDF တို့ အကြား ဆက်ဆံရေး၊ အခြားမြို့နယ်များတွင် နေထိုင်သူများ အိမ်ထောင်စုဇယား မရှိဘဲနှင့် မဲစာရင်းတွင် ပါဝင်နေခြင်းကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆွယ်စည်းရုံးရေး နှင့်အတူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ကြီးမှူး ဖွင့်လှစ်သည့် အရိပ်စစ်ပညာဒါန သင်တန်းကို ပူးတွဲ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ လူငယ်အရည်အသွေးမြှင့် သင်တန်းကို မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းလည်း သိရသည်။ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၂ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင် ရွေးကောက်ခံမည် ဖြစ်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် တွင် ဦးကြီးမြင့်က ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၁၅၉ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ၁၆ နေရာ အနိုင်ရရှိခဲ့သည်။     ELEVEN MEDIA မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif