http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

The One World Human Rights Film Festival တွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှ ဆုရဇာတ်ကားတို ငါးကား သွားရောက်ပြသ

The One World Human Rights Film Festivalတွင် လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ပွဲတော်မှ ဆုရဇာတ်ကားတိုငါးကားအား သွားရောက်ပြသခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော် အား ချက်သမ္မတနိုင်ငံ Prague မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ်ကားတိုများ ပါဝင်ပြသခဲ့ကာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဖိတ်ခေါ်ပြသခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ဒီရုပ်ရှင်ပွဲတော်မှာ အဓိက ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက human rights abuse  လုပ်ခံရတာနဲ့ ပတ်သက်တဲ့ ဇာတ်ကားတိုတွေ ပြသတာပါ။ မြန်မာနိုင်ငံကိုတော့ အဓိက က လေ့လာသူအဖြစ် ဖိတ်ပြီးတော့ ဒီရုပ်ရှင်ပွဲတော်မှာ ဆုရတဲ့ဇာတ်ကားတွေကို ကြည့်ခွင့်ရခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိနေတဲ့ အနေအထားတစ်ခု ကိုလည်း သူတို့က သိချင်လေ့လာချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ကြားတယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း human rights နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခု ပြုလုပ်နိုင်ဖို့ ကြိုးစား သွားမယ်လို့ စိတ်ကူးထားတယ်”ဟု အဆိုပါ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ရှင်းပြခဲ့သည်။
‘The One World Human Rights Film Festival’ တွင် ပြသခဲ့သည့် ဇာတ်ကားတိုများမှာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်ကြသော ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ရိုက်ကူးသည့်’Unity&Freedom’၊ ဒါရိုက်တာ အောင်ဇော်မိုး ရိုက်ကူးသည့်’Still in Dark ‘၊ ဒါရိုက်တာဝိုင်း ရိုက်ကူး သည့်’Ban That Scene’၊ ဒါရိုက်တာ မင်းသိုက် ရိုက်ကူးသည့် ’ကြိုး’၊ ဒါရိုက်တာ စိုင်းကျော်ခိုင် ရိုက်ကူးသည့်’Click in Fear’ ဇာတ်ကားများ ဖြစ်သည်။   http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif