http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင်

WiMAX အင်တာနက်ကို Prepaid စနစ်ဖြင့် မတ်လအတွင်း၌ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

၂၀၁၁ ခုနှစ်ဒီဇင်ဘာလမှစတင် ၀န်ဆောင်မှုပေးခဲ့သော တိုင်ထောင်အသုံးပြုစရာမလိုသည့် WiMAX အင်တာနက်သုံးသူများသာ ယင်းကဲ့သို့ Prepaid စနစ်ကိုသုံးနိုင်မည်ဟု သိရသည်။

“ ကနဦးတပ်ဆင်ခကတော့ ကျပ် ၆၃၀၀၀၀ ပါပဲ။ ဒါပေမယ့် လစဉ်ကြေးသွင်းစရာ မလိုတော့ ဘဲ ကိုယ်သုံးချင်သလောက်ကိုပဲ Prepaid ကတ်နဲ့သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ရုံးသွားပြီး ဘီလ် ဆောင်ဖို့ မလိုတော့သလို ကိုယ်သုံးသလောက်ပဲ ၀ယ်ဖြည့်ဖို့လိုပါတယ်” ဟု Red Link မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Prepaid ကတ်ကို Data Usage ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ 1 Gb ကတ်ကို ကျပ် ၂၇၀၀၀ နှင့် 3 Gb ကတ်မှာ ကျပ် ၃၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ အင်တာနက် Bandwidth မှာ 512 Kbps ရှိမည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် junction Squar ၌ စတင်ရောင်းချသွားမည်ဟု သိရသည်။ ကတ် သက်တမ်းမှာ စတင်အသုံးပြုသည့်နေ့မှစ၍ သုံးအတွင်းအသုံးပြုနိုင်ကြောင်း သိရှိရသည်။

ယခင်လစဉ်ကြေးဖြင့် သုံးစွဲသူများအနေဖြင့် Prepaid ကတ်စနစ်ကို ပြောင်းလဲအသုံးပြုလိုပါက ရုံးသို့သွားရောက်၍ Servicd Plan ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
Weekly Eleven News Journal - အမှတ် ၂၄၊ အတွဲ ၇

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif