http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

ရွှေလမ်း ငွေလမ်း ပွင့်လန်းလာသော မြန်မာ နှင့် နိုင်ငံတကာ ဆက်ဆံရေး


ဧပြီလအတွင်း မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေး ခြေလှမ်းများ လျင်မြန်စွာ ဖြစ်ထွန်းလာသည်။ မြန်မာ နိုင်ငံသို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း သည် ဧပြီလ၊ ၁၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဂျပန် နိုင်ငံသို့ ဧပြီလ ၁၉ ရက်နေ့တွင် ငါးရက်ကြာ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သည်။ ဥရောပနိုင်ငံ များနှင့် လည်း ဝန်ကြီးအဆင့် အပြန်အလှန် ကူးလူး ဆက်ဆံမှုများ တွေ့ရသည်။ ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသော အကြိမ် ၂ဝ မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးသို့ ဧပြီလ ၃ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် ခဲ့သည်။
မြန်မာ-ဂျပန်ဆက်ဆံရေး
နိုင်ငံတော် သမ္မတ ဦးသိန်း စိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီ ဟီကိုနိုဒတို့ ဧပြီလ ၂၁ ရက်နေ့ တွင်နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ အရေး ကိစ္စများ ဆွေးနွေး ကြပြီးနောက် ပူး တွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျပန် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး တို့ အတွက် မြန် မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှု များကို အထောက်အကူ ပြုနိုင်ရန် ဂျပန်နိုင်ငံမှ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပေးသွား မည် ဖြစ်ကြောင်း၊ အဓိက အားဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် ဆင်းရဲသား ပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရန် စိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ နိုင်ငံတော် ရှင်သန်မှု အတွက် လိုအပ်သော စနစ်၊ အဖွဲ့အစည်းများနှင့် လူ့စွမ်းရည် မြှင့်တင်ရေး၊ ရေရှည် တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ကို ဦးတည် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
ယင်းသို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရာ၌ အရေး ပါသော သဘောတူညီချက် အဖြစ် မြန်မာနိုင်ငံမှ ဂျပန်သို့ပေးရန်ရှိ ကြွေး မြီ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၂ ဘီလျံကို လျှော်ပေးပြီးဂျပန်နိုင်ငံ မှ ပြည်ပ ဖွံ့ဖြိုးရေး အထောက်အပံ့ကို ပြန်လည် စတင်မည်ဖြစ်သည်။
သီလဝါ ဆိပ်ကမ်းနှင့် စက်မှုဇုန် ပင်မစီမံကိန်း လုပ်ငန်း အပါအဝင် သဘာဝ ဘေးအန္တရာယ် စီမံကွပ်ကဲရေး၊ သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ၊ ဂျပန်-မြန်မာ ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စွမ်းအင်နှင့် သတ္တု အရင်းအမြစ် ရှာ ဖွေထုတ်လုပ်ရေး တို့အတွက် နှစ် နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူခဲ့ကြသည်။
မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် စတုတ္ထ အကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေး ကိုလည်း တက်ရောက် ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မဲခေါင်ဒေသ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့ တွင် ပြုလုပ် ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြီးခဲ့သော သုံးနှစ်ကာလ အတွင်း ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်နိုင်မှုကို သုံးသပ်ခဲ့ကြ သည်။ ရည်မှန်းချက် များအတော် အတန် ပြီးမြောက်ခဲ့ ပြီးဖြစ်သော် လည်း တိုးတက် ဖြစ်ထွန်းလာသော အခြေအနေ များအရရှေ့ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေး နွေးခဲ့ကြသည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ
ရှေ့လုပ်ငန်းစဉ်တွင် အဓိက မဏ္ဍိုင်ကြီး သုံးရပ် ချမှတ်ထားရှိ သည်။ ပထမ မဏ္ဍိုင်အဖြစ် မဲခေါင် ဒေသတွင်း ဆက်သွယ်မှု အရှိန် အဟုန်မြှင့်တင်ရေး၊ ဒုတိယ မဏ္ဍိုင် အဖြစ် အတူတကွ ဖွံ့ဖြိုးတိုးတက် ရေး၊ တတိယ မဏ္ဍိုင်အဖြစ် လူသား များလုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေး တို့ကို သတ်မှတ်ခဲ့သည်။
ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများကိုလည်း ဆွေးနွေးကြပြီး နောက် မဲခေါင်ဒေသ ငါးနိုင်ငံ မြန်နှုန်း မြင့်ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေ ပေးဝေရေး စီမံကိန်း အပါအဝင် တစ် နိုင်ငံချင်း အလိုက် ဂျပန်နိုင်ငံက ဆောင်ရွက်မည့် ရှေ့ လုပ်ငန်းစဉ်များ ကို ချပြခဲ့သည်။ စီမံကိန်း လုပ်ငန်း စုစုပေါင်း ၅၇ ခု အတွက် လျာထား ဘတ်ဂျက် မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလျံဖြစ်သည်။
အဆိုပါ စီမံကိန်း လုပ်ငန်းများ သည် ၂ဝ၁၃ ခုနှစ် ဧပြီလမှစတင်၍် သုံးနှစ် ကြာမည် ဖြစ်ပြီး ဂျပန်နိုင်ငံ မှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ (ဂျပန်ယန်းငွေ ၆ဝဝ ဘီလျံ) အထောက်အပံ့ ပေးမည်ဖြစ် သည်။
မြန်မာနိုင်ငံလုပ်ငန်း ၁၂ ရပ်
ယင်းစီမံချက်အရ မြန်မာ နိုင်ငံတွင် အောက်ပါ လုပ်ငန်းစီမံ ကိန်း ၁၂ ရပ်ကို ချမှတ် အကောင် အထည်ဖော်ရန် ပါရှိသည်။
(၁) သီလဝါ ဆိပ်ကမ်း ဖွံ့ဖြိုးရေး၊
(၂) သီလဝါ အထူးစီးပွားရေးဇုန် တည်ထောင်ရေး၊
(၃) ဘီလူးချောင်း အမှတ်(၂) ရေ အားလျှပ်စစ် ဓာတ်အားစက်ရုံ အကြီး စားမွမ်းမံရေး၊
(၄) မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံ ချက်၊
(၅) NEXI ချေးငွေ ထုတ်ပေးရေး အစီ အစဉ် ထူထောင်ရေး၊
(၆) မြန်မာနိုင်ငံ အလယ်ပိုင်း ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်ရေး၊
(၇) ရန်ကုန်ဒေသကြီး ရေပေးဝေ ရေးနှင့် မိလ္လာ အညစ်အကြေး စွန့် ပစ်ရေး လုပ်ငန်း၊
(၈) မြန်မာ့ မီးရထား လုပ်ငန်း၏ ရန်ကုန်-မန္တလေးအမြန် ရထားလမ်း ခေတ်မီပြုပြင်ရေး၊
(၉) ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အား ခွဲရုံများနှင့် လျှပ်စစ် ဓာတ်အားဖြန့်ချိ ရေး လုပ်ငန်းများ ပြန်လည်ထူ ထောင်ရေး၊
(၁ဝ) အင်တာနက် အသုံးပြုမှုဖွံ့ဖြိုးရေး၊
(၁၁) ဆက်သွယ်ရေးကွန်ရက်များ ဖွံ့ဖြိုးရေး၊
(၁၂) ထားဝယ်မြို့တွင် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရေးလမ်း ဖောက်လုပ်ရေး၊
လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
သမ္မတ ဦးသိန်းစိန် ခေါင်း ဆောင်သော မြန်မာနိုင်ငံ အစိုးရ သည် နိုင်ငံတော်၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန် အဟုန် မြှင့်တင်နိုင်ရေး အတွက် ကြိုး ပမ်းရာ တွင် အရင်းခံဖြစ်သော မြန်မာ ပြည်သူများ၏ ဗလငါးတန်ဖြစ် သည့် ကာလဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ အပြင် မိတ္တဗလကိုပါ အားထည့် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ကိုယ့်အင်အား အပြင် မိတ်သဟာ တို့၏ အထောက်အပံ့ဖြင့် တိုးတက်မှုအရှိန် မြင့်မားလာစေမည် ဖြစ်သည်။ ဤ တွင် နှစ်နိုင်ငံ အစိုးရနှင့် နှစ်နိုင်ငံ ပြည်သူများ အကြား ဆက်ဆံရေး၊ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများ အကြား ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် အသီးသီးတွင် အပြန်အလှန် လေးစားချစ်ကြည်မှု အခြေခံဖြင့် အားစိုက်ကြမည်ဆိုလျှင် ပြည်သူအများ မျှော်လင့်နေသည့် ‘ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်’ ဖြစ်လာမည်ဟု ယုံကြည်ပါ ကြောင်း။ 
popularmyanmar.com/mpaper/archives/41281

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif