http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ရန် စီစဉ်



  နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်သွားမည်ဟု နေပြည်တော်ရှိအမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
အခုပြန်လည်ပြင်ဆင်ပြီး လွှတ် တော်ကို တင်ထားတဲ့”နိုင်ငံခြားရင်း  နှီးမြှုပ်နှံမှု ဥပဒေအသက်ဝင်သွားပြီ ဆိုမှ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြန်လည်ပြင်ဆင်နိုင်ရေးကို ဆက် လုပ်သွားမယ်။ပြင်စ ရာတွေကလည်း  ရှိနေတယ်။ ဆိုလိုတဲ့ သဘောက ခေတ်ကာလနှင့် မညီတော့တာ တွေကိုပြန်လည်ပြင်ဆင်သွာြး က တာ  ပါပဲ”ဟု ၄င်းက   ပြောသည်။ဥပဒေကို ပြန်လည်ပြင်ဆင် မည်ဟု   ဆိုသော်လည်း  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပြည် ထောင်စုလွှတ်တော်နှင့် နိုင်ငံတော် သမ္မတတို့က အတည်ပြုေ ပးခြင်း မရှိသေး၍ နိုင်ငံသားတို့အတွက် ဥပဒေပြင်ဆင်ရေးမှာ အချိန် အတန်ကြာ ကြာမြင့်နိုင်ဖွယ်များ ရှိ နေနိုင်သည်ဟု ၄င်းက ဆက်လက် ပြောသည်။ လွှတ်တော်၌   ပြန်လည် ပြင်ဆင်ကာ တင်ထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၌ အခွန် ကင်းလွတ်ခွင့် သက်တမ်းအား မူလ ထက်တိုးမြှင့်ပေးခြင်း၊ ဝင်ငွေကို ဈေးကွက် ပေါက်ေ ဈးအတိုင်း လဲလှယ်ခွင့်ရှိခြင်း၊ နိုင်ငံခြားသားများ ကုမ္ပဏီမှတ်ပုံတင်ရာ၌ ရှုပ်ထွေးမှု မရှိစေခြင်း အစရှိသော အချက်များ အားပြန်လည်ပြင်ဆင်ထားကြောင်း၊  ဥပဒေမူ ကြမ်းပါ အချက်အလက်များ အရ သိရသည်။ဆန်စပါး  အထူးပြု ကုမ္ပဏီ လုပ်ငန်းရှင်တစ်ဦးက ”နိုင်ငံခြား သားက အခွန်လွတ်သက်တမ်းရှည် ပြီး ပြည်တွင်းက လုပ်ငန်း ရှင်က အခွန်ဆောင်သက်တမ်းရှည်မယ်ဆို ရင် ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မလွယ် ပါဘူး၊ ဒါကြောင့် ပြန်လည်ပြင်ဆင် မှုပြုလုပ်သွားမှုကို ကြိုဆိုပါတယ်။ မြန်မြန်လုပ်ပေးနိုင်ရင် ပိုကောင်းပါ တယ်” ဟု ပြောသည်။ နိုင်ငံသားရ  င်းနှီးမြှုပ်နှံမှု ဥပဒေ အား         နိုင်ငံ၌ ၁၉၉ဝ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ 
popularmyanmar.com/mpaper/archives/41204

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif