http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

မြန်မာ သမ္မတ တို့အပေါ်တွင် ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုးသား သတင်းအဖွဲ့ စီမံကိန်း မန်နေဂျာ ဟီရိုရှီ အီရှီကာဝါ၏ သဘောထား မှတ်ချက်



ဧပြီလ ၂၃ ရက်နေ့က ကျင်းပခဲ့သော ဂျပန်နှင့် မဲခေါင် ဒေသတွင်း နိုင်ငံများတွင် ပါဝင်သော အစိုးရ အကြီးအကဲ ခေါင်းဆောင်များ၏ စတုတ္ထ အကြိမ် အစည်းအဝေးနှင့် ဧပြီ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော အုပ်စုလိုက် အင်တာဗျူးများနှင့် ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်သော မြန်မာ သမ္မတ တို့အပေါ်တွင် ဂျပန်နိုင်ငံ ဆိုင်ရာ အမျိုး သား သတင်းအဖွဲ့ စီမံကိန်း မန်နေဂျာ ဟီရိုရှီ အီရှီကာဝါ၏ သဘောထား မှတ်ချက်
-     ဂျပန်နှင့် မဲခေါင်ဒေသဝင် နိုင်ငံများအကြား ယခု အစည်းအဝေးမှာ ကျွန်ုပ်တို့ အတွက် အထူးပင် အရေးပါလှသည်။
- ယခုအခါ ကျွန်ုပ်တို့သည် မြန်မာနှင့် အပြုသဘောဆောင်သည့် အလုပ်များကို ပိုမို လုပ်ဆောင်လာနိုင်ပါလိမ့်မည်။ ဤအချက်သည် ကျွန်ုပ်တို့ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်း ကဏ္ဍများ အတွက် သတင်းကောင်း တစ်ခု ဖြစ်ပါသည်။
-    ဂျပန်နှင့် ဒေသဆိုင်ရာ နိုင်ငံများ တို့သည် မြန်မာနှင့်ထိုင်း နယ်စပ်တို့ အကြားရှိ လမ်းများကို ပြီးစီးအောင် တည်ဆောက် လိုကြလိမ့်မည်ဟု ထင်မြင်မိပါသည်။ သို့မှ သာ အရှေ့အနောက် စင်္ကြံလမ်းမကြီးမှာ ပြီးပြည့်စုံလာပြီး ကုန်သွယ်မှု ပမာဏလည်း တိုးတက်လာမည် ဖြစ်ပါသည်။
- အုပ်စုလိုက် အင်တာဗျူးများတွင် မြန်မာနိုင်ငံ သမ္မတကြီးမှ မေးခွန်းများ အပေါ် ဖြေကြားချက် များမှာ အံ့သြစရာ ကောင်းလောက်အောင် ပွင့်လင်း မြင်သာသည့် စိတ်ထား ကို တွေ့ရှိရပါသည်။ ကျွန်ုပ်တို့အတွက် အရေးပါလှသော အချက်အလက်များ ဖြစ်သည့် များစွာသော အကြောင်းအရာများ အပေါ်တွင် သမ္မတကြီး၏ အမြင်များ မှာ ကျွန်ုပ်တို့ အတွက် အခွင့် အလမ်းကောင်း များကို သိမြင်ခဲ့ရပါသည်။
-    ကျွန်ုပ်တို့၏ သတင်း မီဒီယာများမှာ မြန်မာနိုင်ငံ၏ ကြားဖြတ် ရွေးကောက်ပွဲပြီး ကတည်းက မြန်မာသတင်းများ ဖြင့်သာ လွှမ်းမိုးနေခဲ့သည်ကို တွေ့ရှိရပါသည်။
-    ကျွန်ုပ်တို့အဖို့ သေချာသည်မှာ တူညီသော အလားအလာကို ဆက်လက် လုပ်ဆောင်ရပါလိမ့်မည်။
-    သတင်းစာ အများစု၏ ရှေ့စာမျက်နှာများတွင် အုပ်စုလိုက် အင်တာဗျူးများကို အခြေပြုကာ အသားပေး ဖော်ပြ ကြပါလိမ့်မည်။
- ဂျပန်ပြည်သူ များသည် မြန်မာပြည် သူများ၏ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်များ မည်ကဲ့သို့ ပြောင်းလဲမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည်။ ဤအချက် မှာ မြန်မာပြည် သူတို့ အတွက်လည်း အောင်မြင်မှုများ ရရှိလာပါလိမ့်မည်။
-    ရှေ့ဆက် လျှောက်လှမ်းနေသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကြောင့်လည်း ကျွန်ုပ်တို့ နှစ်နိုင်ငံ အကြား ပိုမို နီးစပ်သော ဆက်ဆံရေးကို ရရှိ ခံစားကြ ရမည်ဟု ကျွန်ုပ် အနေဖြင့် ထင်မြင်မိပါသည်။
ဤအချက်သည်ပင် သင်တို့၏ မြန်မာနိုင်ငံသို့ ဂျပန်ကမ္ဘာ လှည့်ခရီးသည်များ ပိုမို ဝင်ရောက်လာကြပါလိမ့်မည်။ 
popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif