http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စ ဗြိတိသျှ စိတ်ဝင်စား


မြန်မာနိုင်ငံ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စ ဗြိတိသျှ စိတ်ဝင်စားပြည်တွင်း ငြိမ်းချမ်းရေး အပါ   အဝင် မြန်မာရေးရာ ကိစ္စများကို ဗြိတိန် နိုင်ငံက စိတ်ပါ      ဝင်စားမှု ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် တွေ့ဆုံ ခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုသည်။
အပစ်အခတ် ရပ်စဲရေး၊ တရား ဥပဒေစိုးမိုးရေး၊ စီးပွားရေးပိတ်ဆို့ မှု၊ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု ကိစ္စရပ် များကို အဓိ က ဦးစားပေး ဆွေးနွေး ခဲ့ကြသည် ဟု တိုင်းရင်းသား ခေါင်းဆောင် များက ဆိုသည်။
"သူက တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ချင်လို့ တိုင်း ရင်းသား ခေါင်းဆောင်တွေကို ခေါ် တွေ့တာ။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ကိစ္စတွေကို အကောင်း မြင်ပေမယ့် တရားဥပဒေစိုး မိုးရေးရှိဖို့ လိုအပ်တယ် လို့ ပြောတယ်"ဟု ဗြိတိန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သူ ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ အထွေ ထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အဓိက အရေးကြီးဆုံး အချက်မှာ တိုင်းရင်းသားအားလုံး ကို တန်းတူဆက်ဆံရန် လိုအပ် ကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြော သည်။
"ကျွန်တော်ကတော့ တိုင်း ရင်းသားကိစ္စ သောင်မတင်ရေမကျ ဖြစ်နေတာတွေကို ဆွေးနွေးခဲ့တယ်။ နိုင်ငံတော် အစိုးရဘက်က တူညီ တဲ့ ဒေသမှာတောင်    မူတစ်ခုတည်း နဲ့ မလုပ်ဘူး။ ဥပမာ"ဝ"၊ စိုင်းလင်း တို့ကျတော့ သယံဇာတတွေကို နယ်ခြား ရောင်းစားခွင့် ပေးတယ်။ SSPP ၊ ရွက်ဆစ်တို့ကျတော့ ဆက်ဆံတာတစ်မျိုး၊ ရှမ်း ပြည် နယ်အစိုးရကိုတောင် မူဆယ်မှာ အခွန် (၃)ရာခိုင်နှုန်းပဲ ကောက်ခွင့် ပေးတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင် ရင် တန်းတူညီမျှတဲ့ အခွင့်အရေး တွေလိုတယ်"ဟု ဦးခွန်ထွန်းဦးက ဆက်ပြောဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြဿနာမှာ ၆၅နှစ် ခန့် ရှိနေပြီဖြစ်သောကြောင့် အပြီး သတ်သောအဆင့်ကို ရောက်ရှိ အောင် နည်းလမ်း ရှာရမည်ဟု ပြောဆိုခဲ့သည်ဟု ရှမ်းတိုင်းရင်း သား     ခေါင်းဆောင်က ဆိုသည်။
"တတိယပုဂ္ဂိုလ် လိုတယ်ဆို တာကိုတော့ အစိုးရက သဘော ပေါက်လက်ခံလာတယ်။ အဓိကတရားဥပဒေစိုးမိုးရေးမရှိရင် ဘယ် လိုမှ ငြိမ်းချမ်းရေး မရနိုင်တဲ့ အတွက် ဒီကိစ္စကိုပဲ အဓိကပြောသွားတယ်" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။
"ရိုဟင်ဂျာ လူမျိုးစု အရေးနှင့် ပတ်သက်၍ ရိုဟင်ဂျာမွေးရာပါနိုင် ငံ  သား အခွင့်အရေး ကိစ္စကို ဗြိတိန် ဝန်ကြီးချုပ်နှင့် ဆွေးနွေးခွင့်ရရှိခဲ့ ကြောင်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး  ဒီမိုကရက်တစ်   ပါတီမှ ဦးသာ အေးက ပြောသည်။
"ရိုဟင်ဂျာ မပါဘဲနဲ့တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ မဖြစ်နိုင်ဘူး။ ၂၀ဝ  ၈ ဖွဲ့စည်းပုံ       နဲ့ ကိုက်ညီတဲ့ အခွင့်အရေး ဥပဒေ တစ်ရပ် လိုအပ်တယ်"ဟု ဦးသာေ   အးက ပြောသည်။"တရားဥပဒေ စိုး  မိုးရေး    ရှိလာ ရင် ဒီကိစ္စတွေ ပြေလည်လာမယ် လို့ ဗြိတိန် ဝန်ကြီးချုပ်က ပြောသွား တယ်"ဟု   ဦး    သာေ အးက ဆက် ပြောသည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက တိုင်းရင်းသား ခေါင်းေ   ဆာင်များကို ဧပြီ ၁၃ ရက်က ဗြိတိသျှ သံအမတ်အိမ်တော်တွင် ခေါ်ယူတွေ့ဆုံကာ တိုင်းရင်း သား ရေးရာများ အဓိကဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif