အဆိုပါ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့သည် ဧပြီလ ၂၅ ရက်နေ့ တစ်နာရီခွဲတွင် UMFCCI အသင်းချုပ်၌ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများအလိုက် တွေ့ဆုံ ဆွေးနွေးရန် ရှိကြောင်း UMFCCI အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေငြာချက်အရ သိရသည်။ ယင်း စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့တွင် မော်တော်ယာဉ် အပိုပစ္စည်း စက်မှုလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ အလှကုန် လုပ်ငန်း၊ ရေနံ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ စက်ပစ္စည်း၊ သကြား ထုတ်လုပ်မှု လုပ်ငန်း၊ သံ၊ စတီး စက်မှုလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကြွေထည် မြေလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့ ပါဝင်ကြောင်း ယင်းထုတ်ပြန် ကြေငြာချက်တွင် ဆက်လက် ဖော်ပြထားသည်။
www.yoyarlay.com






0 comments:
Post a Comment