http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

အစိုးရက လူထုရှေ့မှောက် တွင် ငြိမ်းချမ်း ရေးဆွေးနွေးရန် KIO ကို ကမ်းလှမ်း


အစိုးရက လူထုရှေ့မှောက် တွင် ငြိမ်းချမ်း  ရေးဆွေးနွေးရန်   KIO ကို ကမ်းလှမ်းငြိမ်းချမ်းရေး ဆွေးနွေးနေ ဆဲဖြစ်သော KIO, KIA အဖွဲ့နှင့် မြစ်ကြီးနား (သို့မဟုတ်) ဗန်းမော်မြို့နယ်တွင် လူထုရှေ့မှောက်၌ ထင်သာ၊ မြင်သာ ဖြစ်စေ ရန် အတွက်ဆွေးနွေးရန် KIO, KIA အဖွဲ့ကိုအဆိုပြု ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။
လူထုရှေ့မှောက်၌ ဆွေးနွေးမည်ဆိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်များ၊ မြို့မိ၊    မြို့ဖများ၊ အငြိမ်းစားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ ပါဝင်မည်ဖြ  စ်သည်ဟု ဦးအောင်သောင်းကပြောသည်။
“ဆွေးနွေးဖို့အတွက် အစစအရာရာ တာ ၀န်ယူ ပါတယ်။ဆွေးနွေးမယ့် ရက်ကတော့ သူတို့ဘက်က ပြန်ကြားတာကိုပဲ စောင့်နေပါတယ်”ဟု ဦးအော င်သော င်းကြေ ပာ  သည်။လက်ရှိ ငြိမ်းချမ်းရေးရယူလျက်ရှိသည့် အခြားသောလက်နက်ကိုင်  အဖွဲ့များနှင့် လည်း  တတိယအကြိမ်၊ စတုတ္ထအကြိမ်ဆွေးနွေးမှု  များ မကြာမီ ပြုလုပ်သွားမည် ဟုဆိုသည်။
အစိုးရသစ်လက်ထက်တွင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချ မ်းရေးဆွေး  နွေးလျက်ရှိရာ၌ အခြားအဖွဲ့များမှာ အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆွေးနွေးကာ နောက်ပို   င်းမှနိုင်ငံရေးေ  ဆွးနွေးခြင်းဖြစ်ပြီး KIO/KIA အဖွဲ့နှင့်မူ နိုင်ငံရေးအား ဦးစွာ  ဆွေးနွေးနေရကြောင်း ဦးအော င်သောင်းက ပြောသည်။ ယခုကမ်းလှမ်းထားသည့်တွေ့ ဆုံမှုဖြစ်မြောက်ပါက အစိုးရနှင့်ကေအိုင်အိုတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သောဆွေးနွေးမှု သုံးကြိမ်စလုံးကို တရုတ်နိုင်ငံရွှေလီမြို့တွင်တွေ့ဆုံခဲ့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif