http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

ဂရင်လန်ကျွန်း ရေခဲလွှာ အရည်ပျော်နှုန်း မြင့်တက်


ဂရင်လန်ကျွန်း ရေခဲလွှာ အရည်ပျော်နှုန်း မြင့်တက်ဂရင်းလန် ရေခဲလွှာ များသည် ယခင် တွေးဆ ထားသည် ထက် ပိုမို လျင်မြန်စွာ မျောပါမည် ဖြစ်ကြောင်း နှင့် ရေကန် မျက်နှာပြင် ထက်၌ ရေခဲများ ပျော်ကျ သည်နှင့် ဆင်တူ ပြီး နေရောင်ခြည် အောက်၌ အမိုး ပေါ်ရှိ နှင်းပွင့်များ အရည်ပျော်ကျပုံ နှင့်လည်း ဆင်တူမည် ဖြစ်ကြောင်း သိရှိရသည်။
ရေကန်များမှ ရေစီးကြောင်း များသည် ပင်လယ်ထဲသို့ တိုက် ရိုက်စီးဝင်ခြင်းကြောင့် ရေမျက်နှာ ပြင်မြင့်တက်လာဖွယ်ရာ ရှိသည်။ သုတေသီများသည် ရေကန်များမှ ရေစီးကြောင်းများ၌ ရေထုပမာဏ အားဖြင့် တိုးမြင့်လာကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ် သည်။
နွေရာသီ၌ ရေခဲလွှာချပ် မျက်နှာပြင်ပေါ်ရှိ အရည်ပျော်နေ သည့် ရေကန် များ၌ ရေမျက်နှာပြင် များမြင့်တက်လာချိန်၌ ရေခဲလွှာ အက်ကွဲခြင်းနှင့် ရေစီးကြောင်း များသည် ရေခဲလွှာချပ်နှင့်မြေပြင်ကြား ရှိ နေရာလပ်များမှ စီးဆင်းမည်ဖြစ် သည်။
အဆိုပါ သုတေသန လုပ်ငန်းသည် ဆယ်စုနှစ် တစ်ခု ကြာကာလ အတွင်းရှိ ရေကန် ၁၀ဝ၀ ၏ ပတ်ပတ်လည် ဒေသများကို စောင့် ကြည့်ရင်း သတိပြု မှတ်သားသည့် ဆော့ဖ်ဝဲ အသုံးပြုခြင်းနှင့် ဂြိုဟ်တု ဓာတ်ပုံများကို လေ့လာခြင်းဖြင့် လေ့လာတင်ပြခဲ့ခြင်း ဖြစ်သည်။
ရာသီဥတု ပူနွေးလာခြင်းကြောင့် ထုထည်ကြီးမားသည့် ရေခဲကန် များသည် ယခက်ကထက် ၃.၅ ဆမျှ ပိုမို စီးဆင်းနေကြောင်း တင် ပြခဲ့သည်။
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif