http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

‘ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့်ရာမာယဏ’ သို့မဟုတ် သိပ်ခေတ်မီသော ဇာတ်လမ်းတစ်ပုဒ်

 ဒေါ်အောင်ဆန်းစုကြည် ၊              ၊ဇာတ်လမ်းက ကျွန်မတို့အများကြီးစဉ်းစားစရာရှိတယ်။ စဉ်း
စားစရာ ဆို တာနိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျွန်မတို့ အရှေ့တိုင်း မှာ
အင်မတန်မှ သြ ဇာအာဏာလွှမ်းမိုးတဲ့ ဇာတ်လမ်း တစ်ခုဖြစ် တယ်။ ကျွန်မတို့ အရှေ့တိုင်းသူ၊
အရှေတိုင်းသားများဟာ ဘယ်လောက်နိုင်ငံရေး အမြင်ရင့်ကျက်လဲဆိုတာကိုပြတယ်လို့ ကျွန်မက
ဒီလိုပဲမြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့သူဟာ အမည်းနဲ့အဖြူ၊ အကောင်းနဲ့ အဆိုးဒီလို ချည်းပဲလဲ
မဟုတ်ဘူး ။ ရာမမင်းသားရဲ့ ခမည်းတော် ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။ အင်
မတန်မှ ကောင်းတဲ့မင်းကြီးဖြစ်ခဲ့ပေမယ်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ဝဋ်ကြွေးတွေသူဆပ်
သွားရ တယ်။ ရာမမင်းဆိုရင်လည်း မင်းတစ်ပါးအနေနဲ့ အင်မတန်မှကောင်း တဲ့ မင်းပဲ။ဒါပေမဲ့လည်း
တကယ်ကြည့်လိုက်တဲ့အခါကျတော့ သူ့ရဲ့မိဖုရားကြီး အပေါ်မှာ သူမျှမျှတတ မဆက်ဆံခဲ့ဘူး ။
သီတာမိဖုရားပြောချင် တာက သူဖြူစင်သန့်ရှင်းမှန်း သိရက်သားနဲ့ သူများပြောတာ ဘာဖြစ်လို
့ နားထောင် ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျွန်မတို့ အတွက် အများကြီး စဉ်းစား စရာဖြစ်တယ်။
ကျွန်မတို့ပြောတယ် မဟုတ်လား။
ဒီမိုကရေစီဆိုတာ အကောင်းချည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့
ဒီကိစ္စဟာ ဒီမိုကရေစီရဲ့ အားနည်းချက် တစ်ခုကို ထောက်ပြတယ်လို့ ကျွန်မပြောချင်တယ်။အများကနေ
အလကား သက်သက်၊ သွားပုပ်လေလွင့်၊ အားအား ယားယားပြောနေတဲ့ကိစ္စတွေဟာ တစ်ခါတလေ
ဒီမိုကရေစီ မှာလည်း လွှမ်းမိုး ထားတတ်တယ်။ အဲဒီဟာတွေကို ကျွန်မတို့ အများကြီး သတိထားရမယ်။
ကျွန်မကတော့ထင်တယ်၊ အခုခေတ်လို အခြေအနေဆိုရင် သတင်းစာတွေ ဘာတွေရှိပြီးတော့၊ သတင်းစာ
လွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီး ဘက်က နေပြီး တော့ရေးပေးမယ့် သတင်း စာတွေ
အများကြီးရှိမှာပဲလို့ ကျွန်မထင်တယ်။ အဲဒီလို သာရှိခဲ့ရင် သက်သက်၊ အားအားယားယား အတင်းပြောနေ
တဲ့လူတွေကြောင့် ဒီမိဖုရားကြီး ဟာ ပြည်နှင်ဒဏ်အပေး ခံရမှာမဟုတ်ဘူးလို့ ကျွန်မက ဒီလိုမြင်တယ။်
ဘာဖြစ်လဲ လို့ ဆိုတော့  သီတာမိဖုရား ဘက်ကရပ်တည်တဲ့ သတင်းစာတွေ က ရေးကြမှာကိုး၊ ဘယ့်နှယ့်၊
မီးထဲဝင်တာတောင် မှမလောင်တဲ့ မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား ။ မင်းတို့မှန်ရင်၊မင်းတို့ ချေမှာ
လားမေးတယ်။ ကျွန်မကပြောတယ်။ ကလဲ့စားချေတယ် ဆိုတာဟာကျွန်မတို့ရဲ့ ‘မူ’ လည်း မဟုတ်ဘူး။
နောက်ပြီးတော့ ဒီမိုကရေစီ အရ ကလဲ့စားချေချင် တိုင်းလိုက် ချေနေလို့ရတာမဟုတ်ဘူး။
တရားမျှမျှတတ လုပ်ရတာ။ အခုပြောချင်တာက အရှေ့တိုင်း ဒီမိုကရေစီ ဆိုတာဟာ တကယ်ကျတော့
ဒီမိုကရေစီအခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ ကို ဆိုလိုချင်တာ။ ကျွန်မတို့အနေနဲ့ကတော့ အရှေ့တိုင်း
ဒီမိုကရေစီဆိုတာ အနောက်တိုင်း ဒီမိုကရေစီများထက် ပိုပြီးတော့မေတ္တာ၊ ကရုဏာ တရား နဲ့ ပြည့်ဝတဲ့
ဒီမိုကရေစီလို့ ဒီလို ကျွန်မတို့မြင်ချင်တယ်။ ဒါကြောင့် အားလုံး အတွက်ကောင်းတဲ့ စနစ်ဖြစ်ရမယ်။တချို့
ကဆိုရင် ဒီမိုကရေစီရဲ့အဓိပ္ပာယ် ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့ရဲရင်၊ စွပ်စွဲနေတဲလူတွေမီး ထဲဝင်ကြ
လို့ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူကကောမီးထဲ ကို ဝင်ပြရဲမလား၊ ဝင်ရင်ကော သူတို့ဟာ မလောင်ဘဲနေမ
လား။ ဒါတွေဟာ အများကြီး စဉ်းစားစရာဖြစ် တယ်။ အဲဒါကြောင့် ရာမဇာတ်တော်ကြီး ဟာနိုင်ငံရေး
ပညာအများ ကြီးပဲ ပါပါတယ်။ ဒါဟာ ကျွန်မတို့ ဒီမိုကရေစီလိုအပ်တယ်ဆိုတာကျွန်မတို့ အရှေ့တိုင်း
ယဉ်ကျေးမှု အရအထောက်အထားတွေ အများကြီးပြနိုင် ပါတယ်။အဲဒီလို အဘက်ဘက်ကပေါ့လေ၊
နိုင်ငံရေးအမြင်နဲ့စဉ်းစားတဲ့ ဇာတ်တွေဟာ ကမ္ဘာကြီးမှာ နည်းပါတယ်။
အများအားဖြင့်ပုံပြင်တွေ၊ဒ ဏ္ဍာရီတွေဆိုရင် နောက်ဆုံး မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ပြီး သွားတာတို့၊ ဒါမှမဟုတ်
ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ ဟာတွေ ဆိုရင်လည်း တစ်ယောက်မှ မကျန်အောင်
အားလုံး သုတ်သင်ရှင်းလင်းပစ်လိုက်တာတို့ ဒါတွေရှိတတ်တယ်ဒီလိုအဖြူနဲ့ အမည်း တင်မဟုတ်ဘဲနဲ့
အဖြူနဲ့ အမည်းကြားမှာ မီးခိုးရောင် အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာဟာ သိပ်ခေတ်မီတယ်လို့ ကျွန်မတို
့ပြောနိုင်တယ်။ ဘယ်တော့မှခေတ် မရှိဘူး ရယ်လို့ မဖြစ်သွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရား
ဟာခေတ် မရှိဘူးလို့ ဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်
သရွေ့ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကို ဖြစ်မှာပဲ။ ဒီစနစ်ဟာ ပြည်သူလူထုကို အကာ
အကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။ တကယ်တော့ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း
ဖြစ်တယ်။ တချို့ အစိုးရတွေက ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး။ ပြည်သူလူထုကိုသာ အကာ
အကွယ်ပေးတဲ့စနစ်လို့ သူတို့ ဒီလိုထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်း
လူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
ကျွန်မတို့ကိုတချို့ကမေးတယ်။ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်
သူဘယ်ဝါကို ကလဲ့စား အနှစ်သာရ ကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ၊ခိုက်တယ်
ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းတာ
လည်းဖြစ်နိုင်တာပေါ့လေ။ အဲသည်လို စိတ်တွေ ကလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ဒါဟာလုံးလုံးမဟုတ်ဘူး။
အတိုက် အခံများရဲ့အလုပ်ကိုက အစိုးရ မမှားအောင် လုပ်ဖို့ပဲ။ အစိုးရမမှားအောင် ဆိုတော့ အစိုးရမှား
နေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်း
မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့ မှားနေမှာပေါ့။ ဒီတော့
ကျွန်မတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ
ကျွန်မတို့ကတော့ အာဃာတစိတ်နဲ့လုပ်တာ မဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတ အင်မတန်
များနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး။ ကျွန်မတို့
တတ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲဒီနှလုံးသားထဲက အာဃာတတွေ ကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်
တယ် ။ ဖျောက်လိုက် ရင်တော့ ယုံနိုင်ပါ လိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် ဒါသိနိုင် တယ်။
ရွေးကောက်ပွဲ မတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့
လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့လူများပီပီ ဆက်ဆံကြ တာ ပဲ။
ဒါဒီမိုကရေစီစိတ်ဓာတ်ပဲ။
ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။
လူတွေကို လူလို ဆက်ဆံ တဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့
စနစ်ကို ကျွန်မတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။
Popular Journal ·
__________________________________________________________________________
ရာမယဏ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နှုတ်ချက်
အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှုအရ ပြည်သူလူထုဟာ
မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။
အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး ၂ ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့
အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကို ဘယ်လောက်
အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်ပါတယ်လို့ ကျမပြောခဲ့ပါတယ်။
ဒီအပတ်မှာတော့ ရာမယဏဇာတ်တော်ကြီးအကြောင်း ကျမပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့အိန္ဒိယမှာ
ရာမယဏလို့ခေါ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ယဉ်ကျေးမှု တွေအပေါ်မှာအင်မတန်မှ သြဇာလွှမ်းမိုးမှုရှိတဲ့
ဇာတ်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
ရာမဇာတ်တော်ကြီးဆိုတာ ‘မင်းကောင်း’အကြောင်းပဲလို့ ဒီလိုပဲ ကျမကမြင်တယ်။ ကောင်းတဲ့မင်းများ၊ မြင့်မြတ်တဲ့
မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက်ဆံတယ်၊ ဒါ နိုင်ငံရေးဘက်က ကြည့်ရင်အများ
ကြီး မြင်ပါတယ်။ ကျမ နိုင်ငံရေးအမြင်နဲ့ ပြောမှာပါ။ ဘာသာရေးအမြင်နဲ့ ပြောမှာမဟုတ်ဘူး၊ လောကီအမြင်နဲ့
ပြောမှာဖြစ်ပါတယ်။
ပထမ စပြီးတော့ ဇာတ်ကြောင်း ဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ၊ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ
ဆိုပါတော့၊ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ဝဋ်လိုက်တာပေါ့လေ။
ကံ ကံ ၏အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ်တာ၊ ဝဋ်လိုက်တဲ့ အကျိုးပေါ့။ ဒီ ရာမမင်းသားရဲ့ ခမည်းတော်ကြီးဟာ
မင်းသားဘဝတုန်းက (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျမပြောတာနော်၊ ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့
မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီး အသေးစိတ် ပါပါတယ်။) သူအရင် မင်းသားဘဝတုန်းက တခါကျတော့
သူ တောလိုက်ထွက်တယ်တဲ့။ တောလိုက်ထွက်တဲ့အခါမှာ သူက တောတိရစ္ဆာန် တစ်ကောင်ထင်ပြီးတော့ ချိန်ပြီးတော့
ပစ်လိုက်တာပါ။ တကယ်တမ်းသွားကြည့်တဲ့ အခါကျတော့ တိရစ္ဆာန်မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။ အဲဒီလူကလည်း
ရသေ့လေးပေါ့လေ။ (သုဝဏ္ဏသာမဇာတ်နဲ့ နည်းနည်းဆင်တယ်။) သူရဲ့မျက်စိမမြင်တဲ့ မိဘအိုကြီး ၂ ပါးကို
လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးဟာ သူ့မိဘ ၂ ပါးထံ ခေါ်သွားပါဆိုပြီးတော့ ကွယ်လွန်သွားတယ်။
ကွယ်လွန်သွားတော့ မင်းသားက ရသေ့လေးရဲ့ မိဘ ၂ ပါးထံ သွားပြီးတော့ ဒီလိုပဲ သူဟာ မှားပြီးတော့ မြားနဲ့ပစ်လိုက်
တာမို့ သူတို့သားဟာ ကွယ်လွန်သွားပြီလို့ ပြောတော့၊ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ် တဲ့။ “သူတို့မှာ အားကိုး
စရာဆိုလို့ ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို လုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ
သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ်” ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။
နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသားတော် ၃ ပါး ဖွားမြင်တော်မူတယ်။ ရာမမင်းသားဟာ
အဘက်ဘက်က တော်တယ်။ မင်းကျင့်တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့် မင်းသားဆိုတဲ့ လက္ခဏာအားလုံးရှိပြီးသား
ဖြစ်တယ်။ ရာမမင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကို တနေ့ကျရင် ကောင်းကောင်းမွန်မွန်
အုပ်စိုးသွားမယ့် ဘုရင်ကောင်း ဖြစ်လာမယ်ဆိုတာကို လက်ခံပြီးသား ဖြစ်တယ်။
ဒါပေမယ့် အားလုံးက ဒီလိုလက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော် ဘာရတ ရဲ့ မိခင်ဖြစ်တဲ့မိဖုရားဟာလည်း
သူ့ရဲ့သားကို ဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို “အရင်တုန်းကပေးထားတဲ့ ကတိအတိုင်း၊ သူတောင်းထားတဲ့
ဆု ၂ဆုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့၊ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ” ဆိုပြီးတော့ တောင်းဆိုတယ်။ တောင်းဆိုတော့ ဘုရင်ကြီးက သူ မလုပ်သင့်တဲ့ ကိစ္စဆိုပြီး ငြင်းတယ်။ ငြင်းပေမယ့်
လည်း သူကတိမတည်ရာ ရောက်တာပေါ့။ အစတုန်းကတော့ ဆု ၂ဆုတောင်းနိုင်တယ်၊ တောင်းတာပေးမယ်လို့
ပြောထားပြီးမှ၊ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာအင်မတန် “ကတိပျက်တဲ့မင်း”။
ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့ မင်းပဲ၊ ဒီတော့ သူသိပ်ပြီးရှက်တော့ မျက်နှာ မသာယာဘူး။
သားတော်လာတဲ့ အခါကျတော့ မေးတယ် တဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင်မှ မျက်နှာ မသာသလဲဆိုတော့ ဘုရင်ကြီးက
ဘာမှမပြောခင် ဟိုမိဖုရားက ဝင်ပြီးတော့ပြောလိုက်တယ်၊ “သူ့ကိုဒီလိုကတိပေးခဲ့တယ်။ အခု ဒီကတိကိုမတည်ပါဘူး”
ဆိုပြီးတော့ ဝင်ပြောတော့ ရာမမင်းသားက၊ သားကောင်းများဆိုတာ ဖခင်များရဲ့ကတိ တည်ရေးအတွက် ဦးတည်ပြီးတော့
လုပ်ဆောင်ရမယ်၊ ဒါ့ကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ ကတိကိုတည်ပါစေ၊ သားတော် တောထွက်ပါမယ်ဆိုပြီးတော့
တောထွက်ခဲ့တယ်။
ဒီဇာတ်ဟာ ဘာဖြစ်လို့ လူကြိုက်များခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား တော်တော်များများဟာ
မင်းကောင်းပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသားတစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း
သူ့ အပြစ်တော့ သူရှိတာပေါ့လေ၊ ဒါပေမယ့် သူတတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။
သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အင်မတန်မှ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ရှိတယ်လို့ဆိုတယ်။
ရာမမင်းသားရဲ့ ညီတော်ကလည်း သူ့ကိုနန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့ နောင်တော်သာလျှင်
ဘုရင်ဖြစ်ထိုက်တယ်။ သူဟာနောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး ဆိုပြီးတော့ သူကလက်မခံဘူး။
ဟာ- ငါရရင်တော့ ယူလိုက်မယ်ဆိုတဲ့ စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင်တရားဝင် ပေးတာ၊ လုပြီးတော့ မခွဲနိုင်
မခွာနိုင် တွယ်တာနေတာ မဟုတ်ဘူး။
အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။ သူရဲ့ညီတော် ဘာရတ က “နောင်တော်ပြန်လာပါ။ ညီတော်အနေနဲ့
အုပ်ချုပ်နိုင်တဲ့အရည်အချင်းလည်း မရှိဘူး။ အုပ်ချုပ်သင့်တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ”
ဆိုတော့ ဟိုကငြင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သားကောင်းများဟာ ဖခင်ကတိတည်ရေးအတွက် လုပ်ပေးရမယ်၊
ဖခင်များဟာ အထူးသဖြင့် မင်း ဆိုလို့ရှိရင် ကတိတည်ရတယ်။ ဒါကြောင့်မို့လို့ ၁၄ နှစ်တိုင်တိုင်တော့ သူပြန်မလာဘူး။ ”
ဆိုပြီးတော့ နေတဲ့အချိန်မှာ ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့
ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။ ပလ္လင်ပေါ်မှာ
ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့၊ ဒီမင်းသားဟာ ပလ္လင်အောက်ကနေ ထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကို
စီရင်တော်မူတယ်လို့ ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။
သူ့ခမည်းတော်ကြီးခမျာတော့ နတ်ရွာစံသွားရှာတယ်၊ စိတ်မကောင်းဖြစ်ပြီးတော့။ ဟိုတုန်းက သူကျိန်ဆဲခံထားရတဲ့
အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူအတွက်ကြောင့် တောထွက်သွားရတယ် ဆိုတဲ့စိတ်နဲ့ ဝမ်းနည်းပက်လက်နဲ့ပဲ
နတ်ရွာစံ သွားတယ်။
နောက်ပိုင်းဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။ ရာမမင်းသားနဲ့ သီတာမင်းသမီး တောထွက်
သွားတဲ့အချိန်မှာ ပါသွားတာက ရာမမင်းသားရဲ့ညီတော် လက္ခဏ။ ညီတော် လက္ခဏ ဆိုတာကလည်း မင်းသား
ကောင်းများရဲ့ အရည်အချင်းနဲ့ အင်မတန်မှ ပြည့်ဝတယ်။ သူ့ရဲ့နောင်တော်နဲ့နာင်တော်ရဲ့ ကြင်ယာတော်ကို သူဘယ်လောက်
ကျိုးကျိုးနွံနွံ၊ ကြည်ကြည်ညိုညို၊ လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်တယ်ဆိုတာ မှတ်တမ်းတင်လောက်တယ်။ ဒါ့ကြောင့်
တချို့က ‘နောက်လိုက်ကောင်းဆိုရင် လက္ခဏ မင်းသားလို ဖြစ်သင့်တယ်’ လို့ ဒီလိုပဲပြောတယ်။ နောက်လိုက်ကောင်းဆိုရင်
ကိုယ့်ရဲ့ခေါင်းဆောင်အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်။ ရဲရဲရင့်ရင့်နဲ့ အကာအကွယ်ပေးတယ်။ သူ့ရဲ့နောင်တော်ကို ချစ်သလိုပဲ၊
သူရဲ့မရီးကိုလည်း အင်မတန်မှ လေးစားတယ်။ အမေတစ်ယောက်လို သူဆက်ဆံတယ်။ ဒီလိုပြုစုဆက်ဆံပြီးတော့ အရာရာမှာ
ညာလက်ရုံးသဖွယ် နေခဲ့ပြီးတော့၊ ရာမ မင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးတို့ စစ်တွေဘာတွေ ဖြစ်ကြတဲ့အခါမှာလည်း
ရာမ မင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံးတိုက်ခဲ့တယ်။
ဒဿဂီရိဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့အကြောင်းကလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒဿဂီရိက သီတာ
မင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန် မျောက်မင်းတို့နဲ့ လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့
အများအားဖြင့် ကျမတို့သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိအပေါ်မှာ အနိုင်ယူပြီးတဲ့အခါကျတော့ ရာမမင်းသား၊ သီတာ
မင်းသမီး၊ လက္ခဏမင်းသားတို့ ပြန်လာပြီး ရာမမင်းသားကနေ နန်းပြန်ယူပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ်
ဆိုတဲ့သဘောမျိုး ဒီလောက်ပဲ သိကြရတယ်။
ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရာမ မင်းသားဟာ သူ့ရဲ့နေပြည်တော်ကို ပြန်ရောက်သွား
ပြီဆိုတော့ ပြန်ပြီးနန်းတက်တဲ့အခါကျတော့ (မင်းကောင်းများဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လို ရှိတယ်၊
ပြည်သူလူထုထဲမှာ ဘာတွေပြောနေတယ် ဆိုတာကို အမြဲနားစွင့်၊ နားထောင်နေရတယ်။) နားစွင့်၊ နားထောင်နေတော့
ဘယ်လိုအသံတွေ ထွက်လာသလဲဆိုတော့ သီတာ မိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးရဲ့ နန်းတော်မှာ
ဘယ်လောက် ကြာကြာနေခဲ့ရသလဲ၊ ဒီလိုအခြားသူရဲ့ နန်းတော်ထဲမှာနေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို့ သူတို့မယူဆနိုင်ဘူး။
ဒီလို ပြောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာ ပြည်သူလူထုပြောတာကို လျစ်လျူရှုမထားဘူး။ ငါ့မိန်းမပြောရပါ့မလား
ဆိုပြီးတော့ အားလုံး အင်းစိန်ထဲ ထည့်လို့မရဘူး။ မင်းကောင်းမင်းမြတ်များဟာ ဒီလိုလုပ်လို့မရဘူး။ မိဖုရားကလည်း
သူဟာအင်မတန် ဖြူစင်သန့်ရှင်းပါတယ်။ သူကမကြောက်ပါဘူး။ ဒါကိုပြရဲပါတယ်ဆို ပြီးတော့ မီးပုံထဲကို ဆင်းပြတယ်
။ မီးပုံထဲကို ဆင်းပြီးတော့ပြသော်ငြားလည်း မီးကသူ့ကိုမလောင်ဘူး။ သူ့ရဲ့ဖြူစင်သန့်ရှင်းမှုကြောင့် မီးကလည်းအန္တရာ
ယ်မပြုနိုင်ဘူးလို့ ပြလိုက်တဲ့ အခါကျတော့ လည်း အားလုံးကောင်းသွားပြီလို့ ဒီလိုပဲထင်ရတာပေါ့လေ။ ထင်ရပေမယ့်
လည်း ဒီကောလာဟလတွေက မငြိမ်းသွားဘူး။ ဒဿဂီရိရဲ့နန်းတော်ထဲမှာ နေမိတဲ့မိဖုရားကို ပြန်ပြီးတော့ ကောက်
သင့်သလား၊ မကောက်သင့်ဘူးလား၊ အချီအချပြောတာဆိုတာတွေက ဆက်ပြီးတော့ရှိနေတယ်။
ဆက်ပြီးတော့ ရှိနေတဲ့အခါကျတော့ ရာမမင်းက သီတာမိဖုရားကို ပြည်နယ်နှင်ဒဏ် ပေးလိုက်တယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ပြည်သူလူထုက သံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာရှိရှိ၊ ပြည်သူလူထုရဲ့ အလိုကိုမဆန့်ကျင်ရ
ဘူး တဲ့။ ဒါဟာမင်းကျင့်တရားထဲမှာ တစ်ခုပါတယ်မဟုတ်လား။ ပြည်သူလူထုရဲ့အလိုကို မဆန့်ကျင်ရဘူးဆိုပြီး
သီတာ မိဖုရားကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။
ပြည်နှင်ဒဏ်ပေးလိုက်တော့ သီတာမိဖုရားကြီးဟာ တောထဲမှာနေရတယ်။ တောထဲမှာနေစဉ်ပဲ သူ့ရဲ့အမွှာပူး သားတော်လေးနှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာ တဲ့အခါကျမှ (ကျမသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး၊ ရာမမင်းသားရဲ့ အမတ်ကြီးများဟာ ဒီသားတော်လေးနှစ်ပါးကို အကြောင်းပြု ပြီးတော့ ပြန်ခေါ်တာပေါ့လေ။ မိဖုရားကြီးကို ပြန်ပြီးတော့ခေါ်တယ်။
ပြန်ပြီးတော့ခေါ်ပေမယ့် မိဖုရားကြီးက အင်မတန်မှစိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာဒီလောက်တောင်မှ ဖြူစင်သန့်ရှင်းလျက်နဲ့ မီးထဲဝင်ပြပြီးတော့ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို ပြနိုင်ခဲ့လျက်နဲ့ ရာမမင်းက သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။ ပြည်သူလူထုတချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာဆက်ဆံတာ မတရားခဲ့ဘူးလို့ သူမြင်တယ်။ အဲဒီတော့ သူဘယ်တော့မှ မိဖုရားပြန်မလုပ်ချင်တော့ဘူး။
သူဟာဒီလိုပဲ ဖြူစင်တယ်ဆိုတာမှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့ မြေကြီးဟာ သူ့ကိုပြန်ပြီး သိမ်းပိုက်ပါတော့ ဆိုပြီး အဓိဋ္ဌာန်
လုပ်တဲ့အခါကျတော့၊ ကျမတို့ကတော့ မြေòမိတယ်၊ မကောင်းဘူးလို့ထင်တယ်နော်။ ဒီလိုအဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး။
မြေကြီးကနေ ပြန်ပြီးတော့ သိမ်းပိုက်တယ်ဆိုတာ နည်းနည်းပြန်ရှင်းပြရမယ်ဆိုရင် ကျမတို့က ဗမာဆိုတော့ သီ
တာဟာ “ရေ” ၊ ဒါ့ကြောင့် ရေနဲ့ ဆက်နွယ်နေတယ်။ တကယ်တော့ သူတို့ Sankrit စကားအရ Sita ဆိုတာ ရေ
ဆိုတဲ့အဓိပ္ပါယ် မရောက်ပါဘူး။ Sita ဆိုတဲ့အဓိပ္ပါယ်ဟာ သီတာရဲ့ခမည်းတော်ကြီးဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်
ထွန်မင်္ဂလာလုပ်နေတုန်းမှာ လယ်ထဲကနေ ဒီခလေးငယ်ငယ်လေး ထွက်လာလို့၊ လယ်ထွန်ရင်းနဲ့ထွက်လာတာမို့
ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ Sita ဟာ “ပထဝီမြေကြီးနတ်ရဲ့သမီးတော်” လို့ ဒီလိုသူတို့အယူရှိတယ်။
ဒါ့ကြောင့်မို့ သူ့ရဲ့ဖခင်ပထဝီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့ လက်ခံတော်မူပါဆိုတာ ကျမတို့အမြင်နဲ့ ဆိုးလို့မြေမြို
တာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ကျမရှင်းပြတာပါ။ အဲဒီတော့ ပထဝီမြေကြီးရဲ့မင်းဖြစ်တဲ့ သီတာမိဖုရား
ရဲ့ ဖခင်အစစ်က ပြန်ပြီးတော့လက်ခံယူရတယ်။ လက်ခံတော်မူတော့ အဲဒီမှာဇာတ်လမ်းက ပြီးသွားတယ်။
ဒီတော့ ဇာတ်လမ်းက ကျမတို့စဉ်းစားစရာ အများကြီးရှိတယ်။ စဉ်းစားစရာရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့
အများကြီးစဉ်းစားစရာရှိတယ်။ ဒါကျမတို့ အရှေ့တိုင်းမှာ အင်မတန်မှသြဇာလွှမ်းမိုးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်
တယ်။ ကျမတို့ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားတွေဟာ ဘယ်လောက်နိုင်ငံရေးအမြင် ရင့်ကျက်သလဲဆိုတာ
ကို ပြတယ်လို့ ကျမတော့ ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာအဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး
ဒီလိုချည်းပဲရှိတာ မဟုတ်ဘူး။ ရာမမင်းရဲ့ခမည်းတော်ဆိုရင်လည်း ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။
အင်မတန်မှကောင်းတဲ့မင်းကြီး ဖြစ်ခဲ့သော်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ဝဋ်ကြွေး
ကို သူဆပ်သွားရတယ်။
ရာမမင်းဆိုရင်လည်း အင်မတန်မှကောင်းတဲ့မင်းတစ်ပါးပဲ။ ဒါပေမယ့်လည်း တကယ်ကြည့်လိုက်တဲ့ အခါ
မှာတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။ သီတာမိဖုရားပြောချင်တာက သူဖြူစင်
သန့်ရှင်းမှန်း သိရဲ့သားနဲ့ သူများပြောတာတွေ ဘာဖြစ်လို့နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့
ဒါကျမတို့အတွက် အများကြီးစဉ်းစားစရာ ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စဟာဒီမိုကရေစီရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်လို့ ကျမပြောချင်တယ်။ အများကနေ အလကားသက်သက် သွားပုတ်လေလွင့်၊ အားအားယားယား ပြောနေတဲ့ ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျမတို့အများကြီး သတိထားရမယ်။
ကျမကတော့ထင်တယ်။ အခုခေတ်အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်းစာလွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်ကနေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီးရှိမှာပဲလို့ ကျမထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက် အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ ပြည်နှင်ဒဏ်အပေးခံရမှာ မဟုတ်ဘူးလို့ ကျမက ဒီလိုမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရားဖက်ကနေ ရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး။ ‘ဘယ်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊ မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြ’လို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ဝင်ရင်ရော သူတို့ဟာ မီးမလောင်ဘဲ နေမလား။ ဒါတွေဟာ အများကြီးစဉ်းစားစရာ ဖြစ်တယ်။
အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲ ပါပါတယ်။ ဒါဟာ ကျမတို့ဒီမိုကရေစီ လိုအပ်တယ်ဆိုတာ ကျမတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ အထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။
အဲဒီလို အဖက်ဖက်ကပေါ့လေ နိုင်ငံရေးအမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေ ကမ္ဘာမှာနည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ ဒဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှမကျန်အောင် အားလုံးရှင်းလင်း သုတ်သင်ပစ်လိုက်တာတို့ ဒါတွေရှိတတ်ကြတယ်။ ဒီလိုအဖြူနဲ့အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့အမည်းကြားမှာ မီးခိုးရောင်အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာ သိပ်ခေတ်မီတယ်လို့ ပြောနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ ခေတ်မရှိဘူးရယ်လို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျမတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သ၍ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကိုဖြစ်မှာပဲ။
ဒီစနစ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ စနစ်လည်းဖြစ်တယ်၊ အစိုးရများကို ကာကွယ်ပေးတဲ့စနစ်လည်း ဖြစ်တယ်။ တချို့အစိုးရတွေဟာ ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး၊ ပြည်သူလူထုကိုသာ အကာအကွယ်ပေးတဲ့စနစ်လို့ သူတို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
ကျမတို့ကို တချို့ကမေးတယ်၊ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားချေမှာလား၊ မေးတယ်။ ကျမကပြောတယ်၊ ကလဲ့စားချေတယ်ဆိုတာ ကျမတို့ရဲ့ “မူ” လည်း မဟုတ်ဘူး။ ဒီမိုကရေစီအရ ကလဲ့စားချေချင်တိုင်း လိုက်ချေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှတတ လုပ်ရတာ။
အခုပြောချင်တာက “အရှေ့တိုင်းဒီမိုကရေစီ”။ ဒီမိုကရေစီ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ အနောက်တိုင်း ဒီမိုကရေစီထက်ပိုပြီးတော့ မေတ္တာတရားနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလိုကျမတို့မြင်ချင်ပါတယ်။ အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။
တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်ကြတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းတာလည်း ဖြစ်နိုင်တာပေါ့။ အဲဒီလိုစိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့်ဒါဟာ လုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရမမှားအောင်လုပ်ဖို့ပဲ။
အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်း မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့မှားနေမှာပေါ့။ ဒီတော့ ကျမတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲလုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။ ဒီလိုလုပ်တာဟာ ကျမတို့ကတော့ အာဃာတစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတအင်မတန်မှများနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျမတို့ဘာမှ မတတ်နိုင်ဘူး။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။ ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့သူများပီပီ ဆက်ဆံကြတာပါပဲ။ ဒါ ဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျမတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကိုလူလို ဆက်ဆံတဲ့စနစ်ကို အင်မတန်မှ လိုလားပါတယ်။ ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျမတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။ ။
http://freedomnewsgroup.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif