http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

လက်ကျန် ရွေးကောက်ပွဲ အောင်စာရင်း ကြေညာ၊ ကြံ့ဖွံ့ပါတီ ဘဲဥ ကွဲပြီ

ရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် အရွေးခံရသူ အမည်စာရင်းကို ၂ ရက်ခွဲပြီး ကြေညာရာ ယမန်နေ့က ကနဦး ထွက်ပေါ်လာသော မဲဆန္ဒနယ်မြေ ၄၀ တွင် အနိုင်ရသူအားလုံးမှာ NLD ကိုယ်စားပြုသူများ ဖြစ်သည်။

ထို့ကြောင့် အာဏာရ နာမည်ကြီး ပါတီ ကြံ့ဖွံ့ ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ယမန်နေ့ကအထိ ကြားဖြတ်ရွေးကောက်ပွဲတွင် ဘဲဥမကွဲသေးသော ပါတီကြီး ဖြစ်နေခဲ့သည်။

ယနေ့ လက်ကျန် ၅ နေရာတွင် မဲအများဆုံးရသူ အမည်စာရင်း ထွက်ပေါ်လာရာ NLD က ၃ နေရာ၊ ကျားဖြူပါတီက ၁ နေရာ၊ ကြံ့ဖွံ့ပါတီက ၁ နေရာ အသီးသီး အနိုင်ရရှိသွားကြသဖြင့် ကြံ့ဖွံ့ပါတီ ဘဲဥကွဲပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီ အောင်ပွဲခံသွားသည့် စစ်ကိုင်း အမှတ် (၇) နယ်မြေတွင် NLD က ၀င်ရောက် အရွေးခံနိုင်ခြင်း မရှိခဲ့ပေ။

ကျွန်းစုမြို့နယ် - ဒေါ်တင်တင်ရီ (NLD)
မင်းကင်းမြို့နယ် - ဒေါ်ခင်မွှေးလွင် (NLD)
စစ်ကိုင်း အမှတ် (၃) - ဒေါက်တာမြင့်နိုင် (NLD)
စစ်ကိုင်း အမှတ် (၇) - ဦးတင်မြ (ကြံ့ဖွံ့)
ရှမ်း အမှတ် (၃) - ဦးစိုင်းစံမင်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) (ကျားဖြူပါတီ)
ရှမ်းပြည်နယ်ရှိ အမျိုးသား လွှတ်တော် အမှတ် (၃)တွင် ပါဝင်သည့် မြို့များမှာ လားရှိုး ၊ ကွန်းလုံ၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီတို့ ဖြစ်သည်။

YPI သတင်းဌာနတွင် ဖော်ပြထားသော အချက်အလက်များအရ ပါတီကြီး ၃ ခု ရရှိသည့် မဲများ အပြတ်အသတ် ကွာခြားခြင်း မရှိကြောင်း တွေ့ရသည်။

ကျားဖြူ - ၄၇၄၂၀ မဲ
ဒီချုပ် - ၄၅၇၂၂ မဲ
ကြံ့ဖွံ့ - ၄၅၇၁၁ မဲ
ကိုးကန့် -၆၄၉၀ မဲ
လားဟူ - ၁၁၆၅ မဲ 

http://moemaka.blogspot.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif