http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

အားလုံးကို လူ့အခွင့်အရေး အပြည့်အဝ ရစေချင် ကြောင်း အိန္ဒြာကျော်ဇင် ပြော


အားလုံးကို လူ့အခွင့်အရေး အပြည့်အဝ ရစေချင် ကြောင်း အိန္ဒြာကျော်ဇင် ပြောအိန္ဒြာကျော်ဇင်က ‘ချစ်သူရိုးရာ’ ဇာတ်ကား ကိုအောင်ရဲလင်းနဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေကို တောက်လျှောက် ရိုက်ကူးနေပြီး အခုချိန်ထိ အိန္ဒြာကျော်ဇင် က ‘ချစ်သူရိုးရာ’ ဇာတ်ကားကိုအောင်ရဲလင်းနဲ့ ရိုက်ကူးနေ ပါတယ်။ ဇာတ်ကားတွေကို တောက်လျှောက်ရိုက်ကူးနေပြီး အခုချိန်ထိ ဇာတ် လမ်းတွေ လည်း အရင် ပုံနဲ့ တအား ကြီးပြောင်းလဲသွားတာမျိုး မရှိသေး ဘူးလို့ ဆိုပါတယ်။
”ပရိသတ်တွေရဲ့အားပေးမှုကြောင့် ရပ်တည်နေလို့ရတာ။ ဒီလို အခြေအနေမှာ အားပေးမှုလျော့သွားရင် ကိုယ် လည်းလုပ်ဖြစ်မှာမဟုတ်ဘူး ပရိသတ်အားပေးမှု အခိုင်အမာ ရှိနေတဲ့အတွက် အားရှိသလို သမီးလေးရဲ့အားနဲ့လည်းအရင်ကထက်လုပ်ရတာ ပိုအားရှိသလိုပဲ” လို့အိန္ဒြာကျော်ဇင် က ပြောပြပါတယ်။ သမီးဖြစ်သူ ပြေသုဒြာ ကိုလည်း ၆ လ ကျော် ၇လလောက်မှာကလေးပစ္စည်း ကြော်ငြာလေး တွေရိုက်ဖို့ရှိပေမယ့် တခြားကြော်ငြာတော့ မရှိ သေးဘူး လို့အိန္ဒြာကျော်ဇင်က ပြောပါတယ်။”ကလေးကို အစ်မစိတ်တိုင်းကျတဲ့ အသက်အရွယ်မှပေးရိုက်မယ်။ ကလေးပစ္စည်းကြော်ငြာတွေလောက်ပါပဲ။ ကျန်တာ ကတော့ အနုပညာနဲ့ပတ်သက်ပြီး သူ့ကို အများကြီးလုပ် ပေးဖို့မရှိဘူး။ကလေးပင်ပန်းမှာစိုးတဲ့အတွက်ပါ” လို့ ပြောပြပါတယ်။ဧပြီ ၁ ရက်နေ့မှာပြုလုပ်မယ့် ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီးလည်း အိန္ဒြာကျော်ဇင်က ဒီရွေးကောက်ပွဲက ကောင်းဖို့အတွက်ဖြစ်လာတာလို့ပဲ သူ့အနေနဲ့မြင်ကြောင်း၊ တကယ် ခေတ် မီတိုး တက်တဲ့နိုင်ငံမှာ အားလုံးကို လူ့အခွင့်အရေး အပြည့်အဝရစေချင်းကြောင်း ပြောပြပါတယ်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif