http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

ဒီချုပ် လွှတ်တော်တက်ရေး အမြန်ဆုံး ပြေလည်သွားမည်ဟုဆို



ပြည်သူများကြား စိုးရိမ်ပူပန်လျက်ရှိသော ဒီချုပ်လွှတ်တော် တက်ရေးမတက်ရေးကိစ္စသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဖြင့် အမြန်ဆုံးပြေလည်သွားလိမ့်မည်ဟု ယုံကြည်ထားကြကြောင်းဒီချုပ်ကိုယ်စားလှယ်အချို့က ဧပြီလ ၂၂ ရက်နေ့တွင် ပြောသည်။
ဧပြီလ ၂၃ ရက်နေ့တွင် ဆက် လက်ကျင်းပမည့် ပထမအကြိမ် တတိယပုံမှန်အစည်းအဝေးသို့ ဒီ ချုပ်ကိုယ်စားလှယ်များ မတက် ရောက်ဖြစ်သည်နှင့် ပတ်သက်ပြီး   နေပြည်တော်၊ ဥတ္တရသီရိမှ ကြား ဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်ဦးမင်းသူက ”ဒါဟာ ဘက် ကိစ္စမဟုတ်ဘူး။ ဒါကြောင့် စိုးရိမ် စရာမရှိဘူး။ ပြီးတော့ ကျွ န်တော် တို့နားလည်ပါတယ်။ အခု အခြေ အနေက ‘အာ’ပေါ့ဗျာ။ အရင်တုန်း ကတော့ ‘အ’။ အဲဒီတော့ကျွန်တော် တို့က ‘အ’ ကိုပြန်ရောက် သွား စရာမရှိဘူး။ ‘အ’ ပြီးတော့ ‘အာ’ နောက်တစ်ဆင့် ‘အား’ ပဲ ဖြစ်ရ မှာပေါ့”ဟု ပြောသည်။ထို့အတူ မန္တလေးမဟာ အောင်မြေမှ ကြားဖြတ်အနိုင်ရ ဦးအုန်းကြိုင်ကလည်း ကျမ်းကျိန် ရမည့် စကားရပ် ကို ပြင်ဆင်ရန်မှာ လွှတ်တော်တွင်းကိစ္စရပ် ဖြစ်နိုင် သဖြင့် အချိန်ကြာနိုင်သော်ငြား လည်း မအောင်မြင်နိုင်ဟု ယူဆ စရာမရှိကြောင်း ပြောသည်။အခြေခံ ဥပဒေ မှ ဥပဒေ တစ်ရပ် ရပ်ကိုပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက အဆိုပြု တင်သွင်းပြီး အမတ် ၇၅ ရာနှုန်း က ထောက်ခံမှ သာ လျှင် ပြုပြင်ပြောင်းလဲခွင့် ရှိသည်။ 
popularmyanmar.com/mpaper/archives/41247

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif