http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

ရေကြီးမှုဒဏ်ခံခဲ့ရသော ထိုင်းနိုင်ငံရှိ ဟွန်ဒါကားစက်ရုံ ပြန်လည်ဖွင့်လှစ်



ထိုင်းနိုင်ငံရှိ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီဟွန်ဒါတွင် လုပ်ကိုင်နေသော ထိုင်းအလုပ်သမားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ဟွန်ဒါ ကားစက်ရုံကို မတ်လ ၃၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဟွန်ဒါ၏ ထိုင်းကားလုပ်ငန်းခွဲ ဒုတိယဥက္ကဋ္ဌ ပီတက်ဖ်ပရူတီဆာရီကွန်က ပြောကြားခဲ့သည်။
ရေကြီးမှုဒဏ်ခံခဲ့ရသော ကား တပ်ဆင်ရေးစက်ရုံကိုယမန်နှစ်အောက် တိုဘာလက ပိတ်ပစ်ခဲ့ရပြီး မျော်လင့်ထားသည်ထက် စောစွာပြင်ဆင်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ''စက်ရုံမှာရှိတဲ့ စက်ရုပ်တွေ၊ စက်တွေ အကုန်လုံးကို ပြန်လည်ပြင်ဆင်ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ စက်ရုံက တစ်နှစ်ကို ကား ၂၄၀၀၀၀ ထိ အပြည့်အ၀ ပြန်လည် ထုတ်လုပ်နိုင်တော့မှာပါ''ဟု ထိုင်းကားလုပ်ငန်းခွဲ ဒုတိယဥက္ကဋ္ဌ ပီတက်ဖ်ပရူတီဆာရီကွန်က ပြောကြားခဲ့သည်။ အယုဒ္ဓယပြည်နယ်ရှိ ဟွန်ဒါကားစက်ရုံသည် ကမ္ဘာတွင် ဆဋ္ဌမမြောက် အကြီးဆုံး ဟွန်ဒါကား စက်ရုံဖြစ်ပြီး လူအင်အား ၆၄၀၀ ခန့်ရှိရာ ထိုစက်ရုံမှ ကားများကို နိုင်ငံ ၅၆ နိုင်ငံကျော်သို့ တင်ပို့နေသည်။ ရေကြီးမှုကြောင့် ဟွန်ဒါ၏ ကားစက်ရုံကို ပိတ်ပစ်ခဲ့ရပြီး ကားအစီး ၁၀၀၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့ရသည်။ ထိုင်းနိုင်ငံသည် အာရှတွင် ဟွန်ဒါ၏  အဓိက ဈေးကွက်ကြီးသုံးခုထဲမှ တစ်ခုဖြစ်ပြီး အဓိက ထုတ်လုပ်ရေး ဗဟိုချက်လည်း ဖြစ်နေဆဲဖြစ်ကြောင်း ဟွန်ဒါ၏ အမှုဆောင်အရာရှိချုပ် တာကာနိုဘူက ပြောကြားခဲ့သည်။
လနှင့်ချီပြီး ကြာမြင့်ခဲ့သော ရေကြီးမှုကြောင့် ဘန်ကောက်မြောက်ဘက်ရှိ စက်မှုဇုန်ဧရိယာတွင် ပျက်စီး ဆုံးရှုံးမှု များပြားခဲ့သော်လည်း ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံရန်အတွက် နေရာကောင်းတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ထိုင်းအစိုးရက ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ပြောကြားထားသည်။ မကြာသေးခင်က စစ်တမ်းတစ်ခုတွင် ထိုင်းနိုင်ငံရှိ ဂျပန်ကုန်ထုတ်လုပ်ငန်း ၁၀ ခုလျင်တစ်ခုက လုပ်ငန်းများရွှေ့ပြောင်းရန် စီစဉ်နေကြောင်း ဖော်ပြခဲ့ သည်။ 
http://www.weeklyeleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif