အခုပုံမှာ တွေ့မြင်ရတာကတော့ နေရဲ့ အရှေ့မြောက်ဖက် ခြေလက်က ပေါက် ကွဲထွက်ပေါ်နေတဲ့ မီးတောက်ဖြစ်ပါ တယ်။ ဒီပေါက်ကွဲမှုပုံရိပ်ကို နာဆာရဲ့ Solar Dynamics Observatory (SDO) အာကာသယဉ်ကနေ အင်္ဂါနေ့ ညနေ ၅း၄၅ မိနစ်မှာ ရိုက်ကူးယူခဲ့ ခြင်းဖြစ်ပြီး ပြင်းအားအဆင့် အလယ် အလတ် MIအဆင့်ရှိတယ်လို့ ဆိုပါ တယ်။ နေမီးတောက်တွေကို ပြင်း အား အဆင့်အလိုက် C, M. X ဆိုပြီး အဆင့်(၃)ဆင့် ခွဲခြားထားရာမှာ X အဆင့် မုန်တိုင်းတွေ တိုက်ခတ်ရင်း ကမ္ဘာမြေပြင်ဘက်ဆီ တိုက်ရိုက် မျက် နှာမူ ပေါက်ကွဲတာကြောင့် ကမ္ဘာပတ် လမ်းထဲရောက်နေတဲ့ အာကာသယာဉ် တွေ အာကာယာဉ်မှူးတွေအတွက် အလွန် အန္တာရာယ်များ သလို မြေပြင် ပေါ် က ရေကြောင်းလေကြောင်း သွား လာမှုကိုလည်း အကြီးအကျယ် ထိခိုက်စေတယ်လို့ သိရပါတယ်။ အခု မုန်တိုင်းဟာ ကမ္ဘမြေပြင်ကို ဦးတည် ခြင်း မရှိပေမယ့်မြောက်ဝင်ရိုးစွန်း အနီး ညကောင်းကင်မှာ တွေ့မြင်ရလေ့ရှိတဲ့ အနီ၊ အစိမ်းရောင်တန်းတွေကို စွမ်း အားတွေ ပေးတယ်လို့ သိရပါတယ်။
နေအနီးအနားကသံလိုက်စက်ကွင်းက လာမယ့် ဆယ်စုနှစ်တွေအတွင်း ပုံစံ ပြောင်းလဲပြီး အခုလို ပေါက်ကွဲမှုတွေ နေမျက်နှာပြင်ပေါ်က အနက်ရောင် အစ အပြောက်တွေ လျော့နည်း ကျဆင်း လာဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပေ မယ့် အဲဒီလိုအခြေအနေတွေဟာ အာ ကာသယာဉ်တွေ ရိုးရိုးလေယာဉ်ပျံ တွေအတွက် ပိုပြီးအန္တရာယ်ကြီးတယ် လို့ သိရပါတယ်။ အဲဒီလိုဖြစ်လာရင် နေမျက်နှာပြင်ပေါ်က ကော့စမစ် ရောင်ခြည်တွေ ကမ္ဘာမြေပြင်ပေါ် ကျ ရောက်လာပြီး လူသားတွေ ဓာတ် ရောင်ခြည်သင့်နိုင်ပါတယ်။ ဒါ့အပြင် နေမုန်တိုင်းတွေ ကလည်း ပိုပြီး ပြင်း ထန်လာဖွယ် ရှိတယ်လို့ သိရတာ ကြောင့်...။
www.yoyarlay.com
0 comments:
Post a Comment