http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2012

သင်္ကြန်ရေတွေ ကြားထဲ SIR မဏ္ဍပ်နဲ့ သင်ဇာဝင့်ကျော်


သင်္ကြန်ရေတွေ ကြားထဲ SIR မဏ္ဍပ်နဲ့ သင်ဇာဝင့်ကျော်ဒီနှစ် သင်္ကြန် ကတော့ ရန်ကုန်မြို့မှာ အတော် စည်ကား ခဲ့တယ် လို့ ပြောရမှာပါပဲ။ သင်္ကြန် မဏ္ဍပ်တွေလည်း အတော် များပြားခဲ့ပြီး ရေပက်ခံ ကားတွေကလည်း ရန်ကုန်မြို့ အနှံ့မှာ တွေ့ရပါတယ်။
ဒီနှစ်မှာတော့ ရော့ခ်ဂီတကို မြတ်နိုးသူ ပရိသတ်တွေ အတွက် SIR Rock အုပ်စုက SIR Rock Thingyan ဆိုပြီး ကမ္ဘာအေး လမ်းမပေါ်မှာ မဏ္ဍပ်ဆောက်လုပ် ခဲ့ပါတယ်။ အဲဒီ မဏ္ဍပ်မှာတော့ Big Bag, Reason, Wanted ,Idiots တီးဝိုင်းလေးဝိုင်းက ဖျော်ဖြေပေး ခဲ့ပါတယ်။ သင်္ကြန် ငါးရက် မှာ အကျနေ့ ကစပြီး တီးဝိုင်းလေးဝိုင်းက မနက် တစ်ကြိမ်၊ ညနေတစ် ကြိမ် အလှည့်ကျ ဖျော်ဖြေပေးခဲ့ကြပါတယ်။ မဏ္ဍပ်ပေါ် မှာလည်း အားလုံးက လူငယ် တွေပဲဖြစ်တာကြောင့် အကျနေ့ကစပြီး အနုပညာရှင်တွေရော၊ ပရိသတ်တွေရော တပျော်တပါး ကြီး နဲ့ တောက် လျှောက် ကိုပျော်ရွှင် ခဲ့ပါတယ်။ အကျ၊ အကြတ်၊ ဒုတိယ အကြတ်နေ့တွေ တောက်လျှောက် ဖျော်ဖြေခဲ့တဲ့ SIR အဖွဲ့ တီးဝိုင်းတွေက အတက်နေ့ မှာတော့ SIR မဏ္ဍပ်မှာ ည၈နာရီဝန်းကျင် အထိ ဖျော်ဖြေ မှုတွေပြု လုပ်ရင်း ၂ဝ၁၂သင်္ကြန်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ ဒီနှစ်မှာ သူ ငယ်ချင်းတွေ စုစည်းပြီး မဏ္ဍပ်ပေါ်မှာ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်ခဲ့ရတာကို Reason တီးဝိုင်းမှ အောင်လက... "ဒီနှစ် သင်္ကြန်ကတော့ တော်တော် ပျော်တယ်။ ပရိသတ်တွေလည်း အများ ကြီး လာကြတယ်။ ကျွန်တော်တို့ Show တွေ လာ မကြည့်ဖူးသေး တဲ့ ပရိသတ် တွေရော၊ ကျွန်တော်တို့ကို သိတဲ့ ပရိသတ် တွေရော အားလုံး ခုန်ပေါက်ပျော်မြူးနေ ကြတာတွေ့ရတော့ ပျော်ပါတယ်။
ဒီနှစ် သင်္ကြန် ကတော့ ခုလို SIR မဏ္ဍပ်မှာ သူငယ်ချင်းတွေနဲ့ အတူတူ တော် တော် ပျော် ပါတယ်" လို့ ပြောပါတယ်။ ဆက်လက်ပြီး မဏ္ဍပ်မှာ လာ ရောက်ရေကစားကြတဲ့ အနုပညာရှင် များ ထဲက သင်ဇာဝင့်ကျော်ကလည်း.. "အကြိုနေ့အထိ ဇာတ်ကား ရိုက်ရှိ တော့ သင်္ကြန်၎ ရက် ပျော်လိုက် ရတယ်။ မဏ္ဍပ်ပေါ်မှာ ပရိသတ်တွေ ကတော့ ဓာတ်ပုံတွေ လာရိုက်ကြ တာတွေရှိတယ်။ ကိုယ်ကလည်း ကိုယ်နဲ့ တွဲရိုက်ချင်တဲ့ ပရိသတ်ပဲ ဆိုပြီး ရိုက်ပေးတာပေါ့။ နောက် ဆုံးတော့ ကိုယ့်ရဲ့ပုံတွေက သင်္ကြန်တောင် မပြီးသေးဘူး။ Facebook ပေါ် ရောက် သွားတယ်။ ဒီနှစ်က တအားပူတယ်။ မိုး လည်းမရွာဘူး။ အရင်နှစ်တွေက ဆိုရင် မဏ္ဍပ်ကို ကားနဲ့ တန်းပြီးမောင်းလို့ ရတယ်။ ဒီနှစ်တော့ မဏ္ဍပ်က တက္ကသိုလ်ရိပ်သာ လမ်းထိပ်ဆုံး ဆိုတော့ လမ်းလျှောက်သွား ရတာတွေရှိတယ်။ ပရိသတ်တွေနဲ့ပိုထိတွေ့ ခွင့်ရတာပေါ့။ အရင်နှစ်ကထက် ဒီနှစ်က ပိုပြီး စည်တယ်။ ကန်တော်ကြီးက Road Runner မဏ္ဍပ် မှာလည်း ထိုင်သေးတယ်။ အဲဒီမှာလည်း ကားတွေက တအားကျပ် တယ်။ ဒီနှစ် သင်္ကြန်က တအားပျော်ပါတယ်။ အတက် နေ့က ဆိုရင် မဏ္ဍပ်ပိတ်တဲ့ အချိန် ထိမဏ္ဍပ် မှာနေတယ်။ နောက်နေ့ သင်္ကြန် မရှိတော့ဘူး ဆိုတော့လေ" လို့ ပြောပြတဲ့ သင်ဇာဝင့်ကျော် က နှစ်ဆန်းတစ် ရက်နေ့ မှာတော့ ၈မိုင်မှာရှိတဲ့ သူကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့ တယ် လို့လည်း သိရပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif