ဒီနိုင်ငံမှာ အကြည်ညိုဆုံး က ဗိုလ်ချုပ်အောင်ဆန်းပဲရှိတယ်။ ယူနီဖောင်း(၃)စုံနဲ့ နိုင်ငံအတွက်လုပ် သွားတာ။ သက်တမ်းတိုအတွင်းမှာ အလုပ်တွေအများကြီးလုပ်သွားတယ်။ ဒီလိုခေါင်းဆောင်မျိုးရှာ၊ လုံးဝမရှိ ဘူးဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်မှ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ပြောစကားကို ယခုလို ပြည်ပမီဒီယာဖြစ်တဲ့ ဧရာဝတီသတင်း ဌာနနှင့် တွေ့ဆုံခန်းတွင် ပြန်လည်ပြော ကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွေ ဟာ ၂၀၁၀ ရွေးကောက်ပွဲမှ အနိုင်ရရှိ သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်ကို ၂၀၁၁ ခုနှစ် မတ်လမှာ အာဏာလွှဲ ပြောင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လက်ရှိအခြေ အနေနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ပြည်ပသတင်းဌာနများ နဲ့တွေ့ဆုံစဉ်မှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အမှန်တကယ်ပင် အနား ယူသွားပြီဖြစ်ကြောင်း ထည့်သွင်းဖြေ ကြားတာကိုလည်း ကြားသိခဲ့ရပါ တယ်။ ၂၀၁၁ ခုနှစ်မတ်လတွင် အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်း ပေးခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ တာဝန်မှ အနားယူသွားပြီးသည့် နောက် တရုတ်နိုင်ငံမှ ပင့်ဆောင်လာ သည့် မြတ်စွယ်တော်ရန်ကုန်မြို့ ကမ္ဘာအေးကုန်းတော်မှာ ကိန်းဝပ်စံ ပါယ်တော်မူစဉ် ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) မိသားစု အလှူငွေထည့်ဝင်သည့် သတင်းတစ်ပုဒ်တွင်သာ နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြပါရှိခဲ့ကြောင်း လည်း သိရှိရပါတယ်။
www.yoyarlay.com
0 comments:
Post a Comment