http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက်

ဥာဏ်ဥာဏ် (မြစ်မခ)
ဧပြီလ ၄၊ ရန်ကုန်မြို့။

ယခုလ အတွင်းမှာ မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက် မှုကြောင့် မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက် သွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

ပြတ်တောက် ရာမှာလည်း မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက်မယ့် မြို့ကြီး ၈ မြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မကွေး၊ မုံရွာ၊ မူဆယ်နဲ့ မြစ်ကြီးနား တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းသိရှိရသည်။

“ဒီလို ဆောင်ရွက် သွားရာ မှာလည်း GSM, UMTS မိုဘိုင်းဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း၊ ZTE GSM Care Network မှာ စက်အသစ်များ ပြောင်းလဲ ချိတ်ဆက်ခြင်း၊ Cutover လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ် သွားမှာ ဖြစ်တယ်” ဟု မြန်မာဆက်သွယ်ရေးမှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

 အခုလို ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက်မှု ကိုတော့ ဧပြီလ ၂ ရက်၊ ၃ ရက်နဲ့ ၁၂ ရက်နေ့ တို့မှာ ရန်ကုန်မြို့၌ လည်းကောင်း၊ ၁၀ ရက်နေ့နဲ့  ၁၅ ရက်နေ့တို့မှာ မန္တလေးမြို့ တို့၌ လည်းကောင်း၊ ဧပြီလ ၅ ရက်နေ့ မှာတော့ နေပြည်တော်မှာ လည်းကောင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုမှုတွေ ခေတ္တ ပြတ်တောက်မှု ဖြစ်ပေါ်မှာ ဖြစ်ကြောင်သိရှိရသည်။

 ဒါ့အပြင် ဧပြီလ ၇ ရက်နေ့ မှာတော့ လားရှိုးမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မူဆယ်မြို့နဲ့ မြစ်ကြီးနား မြို့တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် အဆိုပါ နေ့တွေမှာ ည ၁၂ နာရီမှ ည ၁၂ နာရီ ၁၀ မိနစ်အထိ ၁၀ မိနစ်စာ ခေတ္တ ဆိုင်းငံ့ ထားမှာ ဖြစ်သည်။

အဆိုပါ နေ့တွေမှာ နံနက် အစောပိုင်း အချိန်မှာ စက်အသစ်များ ရွှေ့ပြောင်း လဲလှယ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့ မြို့တွေမှာ တပ်ဆင် ထားတဲ့ GSM မိုဘိုင်း တယ်လီဖုန်းများ ပြောဆို ဆက်သွယ်ခြင်း ၀န်ဆောင်မှုနဲ့ အချက်အလက် ၀န်ဆောင်မှု များကို အနည်းဆုံး ၁၀ မိနစ်မှ အများဆုံး မိနစ် ၂၀ အထိ ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်တယ် လိုသိရှိရသည်။ 
http://www.thithtoolwin.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif