http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2012

တန်ဖိုးနည်းဖုန်းများ ကဒ် မထွက်သော ကြောင့် နှစ်သိန်းကျော် ပေးနေရဆဲဖြစ်


တန်ဖိုးနည်း ဖုန်းများ ကဒ် မထွက်သောကြောင့် နှစ်သိန်းကျော် ပေးနေရဆဲဖြစ်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ချထား ပေးသော ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးကွက် အတွင်းရှိ ဝယ်လိုအားကို မှီအောင် ကဒ် မထွက် သောကြောင့် ဈေးနှုန်းမြင့် နေပြီး နှစ်သိန်းကျော် ပေးနေရဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းရှိ မိုဘိုင်း အရောင်းဆိုင် များက တစ်ညီ တစ်ညွတ်တည်း ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ယခုလအတွင်းက စတင်ချထား ပေးရာ ရန်ကုန်ဈေးကွက်အတွင်း တွင် ၇ ရက်နေ့ကပင် စတင်ဝယ် ယူနိုင်ပြီး ကဒ်ထွက်ရှိမှု နည်းသော ကြောင့် ဈေးနှုန်းမှာ မူရင်းဈေး ထက် သောင်းဂဏန်းကျော်ပေး ဝယ်ရကြောင်း သိရသည်။
ဈေးကွက် အတွင်းရှိ လူကြီးမင်း မိုဘိုင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက " ကျွန်တော်တို့ အနေနဲ့ ကလည်း ဝယ်ထားရတဲ့ ဈေးမြင့်ပါ တယ်။ ဒါကြောင့် ပြန်ရောင်းတဲ့ အခါမှာ နှစ်သိန်းနဲ့ မရောင်းနိုင် တာပါ။ သင်္ကြန်မတိုင်ခင် တုန်းက ဈေးထက်တော့ အခုရက်ပိုင်းပိုကျ ပါတယ်။
သင်္ကြန် မတိုင်ခင်တုန်းက လိုချင်တဲ့သူကလည်း သင်္ကြန်တွင်း ကိုင်ချင်ကြတာဆိုတော့ ပိုပြီး ဝယ်တာများတော့ ဈေးကလည်း ပိုတက်ပါတယ်။ အခုလည်း ကျွန် တော်တို့အနေနဲ့က ဈေးကို ယူ ထားရတဲ့ဈေးထက် သိပ်ပိုများပြီး ရောင်းလို့မရပါဘူး။
ကျွန်တော်တို့ အနေနဲ့ကလည်း ဝယ်သူတွေ လာမေးရင် မရှိရင်မရလို့ အဆင် ပြေအောင် ရောင်းပေးရတာပါ။ ဟန်းဆက်ဝယ်တယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ လည်း ပစ္စည်းမပြတ်အောင် ရတဲ့ ဆီက ယူပြီးရောင်းပေးနေရပါ တယ်" ဟု လက်ရှိဈေးကွက် အခြေအနေကို ပြောသည်။
လက်ရှိအချိန်တွင် ကျပ် နှစ်သိန်းတန် မိုဘိုင်းဖုန်းဈေးနှုန်းမှာ ၂၂၀ဝ၀ဝ ဝန်းကျင်မှ ၂၃၅၀ဝ၀ ဝန်းကျင်အထိရှိပြီး ဈေးနှုန်းကွာ ခြားမှုရှိသည်ဟု ဈေးကွက်အတွင်း မှ သိရသည်။ နှစ်သစ်ကူးရုံးပိတ် ရက်ပြန်ဖွင့်မည့် ၂၃ ရက်နောက် ပိုင်းတွင် ဈေးနှုန်းကျသွားနိုင် သည် ဟု ဈေးကွက်အတွင်းကဆိုသည်။
အခြားမိုဘိုင်းဖုန်းဆိုင် တစ် ဆိုင်မှလည်း "ဈေးကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင်တူမှာ မ ဟုတ်ပါဘူး။ ကျွန်တော်တို့ဆိုလည်း ဈေးမြင့်နဲ့ယူထားရတဲ့ ကဒ်တွေ ရှိပါသေးတယ်။ အဲဒီတော့ ကိုယ် ယူထားရတဲ့ဈေးနဲ့လိုက်ပြီး ရောင်း နေရပါတယ်။ ကဒ်တွေက ဝယ်လိုအားကို မှီအောင်ချမပေးနိုင်ဘူး ဆိုတော့ ဈေးကွက်ထဲမှာ Black Market ဖြစ်သွားတဲ့ သဘောပါ။ ဝယ်လိုအားကများလာတယ်။
ဒါပေ မယ့် ပစ္စည်းက မရှိဘူး။ ဆက် သွယ်ရေးက ၉ ရက်နေ့မှာ ချပေး မယ်ပြောတယ်။ ဒါပေမယ့် ၇ ရက် နေ့ကတည်းက ဈေးကွက်ထဲမှာ ပစ္စည်းရပြီ။ ၉ ရက်နေ့လောက်မှာကဒ်တော်တော်ရှားလို့ ဈေးတက် သွားတယ်။ ဒါက သင်္ကြန်မတိုင် ခင်တုန်းကပါ။
သင်္ကြန်ပြီးတော့ လည်း ဈေးကွက်ထဲမှာ ဆိုင်တွေ ကသာ ပြန်ဖွင့်တာ။ ဆက်သွယ် ရေးကလည်း နှစ်သစ်ကူးရုံး ပိတ် ရက် ပိတ်ထားသေးတယ်။ ပစ္စည်း ကလည်း ပြန်မထွက်သေးတော့ ဈေးကတက်နေဆဲပါပဲ" ဟု ဈေးကွက်အခြေအနေကို သုံးသပ် ပြောကြားသည်။
ဈေးကွက်အတွင်းတွင် ကဒ် များ ပြန်လည်ထွက်ရှိလာမှသာ ယင်းဖုန်းများ ဈေးနှုန်းပြန်လည် ကျဆင်းလာနိုင်သည်ဟုဈေးကွက် ကျွမ်းကျင်သူများက သုံးသပ် သည်။ မိုဘိုင်းဈေးကွက်ကျွမ်းကျင် သူတစ်ဦးက " ရုံးတွေ ဖွင့်ပြီး ကတ်တွေချပေးမှ ဈေးသက်သာ လာမှပါ။
အဲဒါမှလည်း နှစ်သိန်း နဲ့ ရောင်းနိုင်ပါမယ်။ ဒါတောင်မှ ကတ်ချပေးတာက ဈေးကွက်ဝယ် လိုအားကို လုံလောက်အောင်ချပေး နိုင်မှသာ ဈေးတက်မသွားမှာပါ။ ဒါမှမဟုတ် ရင်တော့ ဈေးတက် နေဦးမှာပါပဲ။ နောက်ပိုင်းကတ် ထွက်လာတာများရင်တော့ ဈေး ကျသွားမှာပါ။
Elite မှာ ဝယ်ရင် တော့ နှစ်သိန်းနဲ့ရပါတယ်။ တော် တော်များများလည်း ဝယ်ကြပါ တယ်။ ဒါပေမယ့်လည်း တန်းစီရ တာနဲ့ ဘာနဲ့ဆိုတော့ တချို့က လည်း သိပ်မဝယ်ဖြစ်ဘူး။ ဒါ ကြောင့်ဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်တာပါ" ဟု ပြောသည်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif