http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Apr 2012

Facebookပေါ်တွင် Like (သို့) Comment ရေးရုံဖြင့် ဆုငွေ တစ်သိန်း ရနိုင်


Facebook ပေါ်တွင် Like (သို့) Comment ရေးရုံဖြင့် ဆုငွေ တစ်သိန်း ရနိုင်ပြည်တွင်း တွင် ခေတ်စား သော လူမှု ကွန်ရက် ဆိုက်တစ်ခု ဖြစ်သည့် Facebook ပေါ်တွင် Like (သို့) Comment ရေးရုံဖြင့် Super Coffeemix မှ ဆုငွေ ကျပ်တစ်သိန်းကို ကံထူးနိုင်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်မှာ www. facebook.com/ Super Myanmar တွင် Add Friend သို့ Like သို့ Comment ရေးသည့် မည်သူမဆို တစ်နေ့လျှင် တစ်ယောက်နှုန်း ရွေးချယ်၍ ဆုငွေ ကျပ်တစ်သိန်းကို ချီးမြှင့် ပေးသွားမည် ဖြစ်သည်။
Super Coffeemix မှ တာဝန်ရှိသူတစ်ဦးက "Facebook" ကလူကြီး၊ လူငယ်မရွေး သုံးနေတာ၊ အဲဒီမှာဝင်ပြီး Comment ဝင်ရေးရင် ကံကောင်းရင် ဆုငွေ တစ်သိန်း ရမယ်။ ၂၃ ရက်နေ့ကစမှာ။ တစ်နေ့ကို တစ်ယောက် နှုန်း ရွေးချယ်ပေးမှာ။
အစ်မတို့က ဆုရတဲ့သူ တွေကို အဲဒီ Facebook ပေါ်မှာပဲ ပြန်ပြီး ကြော်ငြာ ပေးသွားမှာပါ။ ဆုလာ ထုတ်လို့ရှိရင် အစ်မတို့က Facebook ကို ပြန်ဝင်ခိုင်းမယ်။ သူတစ် ကယ်ရေးတယ်မရေးဘူး ဆိုတာကိုပြန်စစ်မှာ သေချာတယ်ဆိုမှ အစ်မ တို့ဘက်က ဆုငွေကိုထုတ်ပေးသွားမှာ" ဟု ပြောသည်။
စတင်ရွေးချယ် မည့်ရက်မှာ ယခုလ ၂၃-၄-၂၀၁၂ မှ ၃၁-၅-၂၀၁၂ ကုန်အထိဖြစ်ပြီး မည်သူမဆို ပါဝင်ကံစမ်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif