http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

မြန်မာနိုင်ငံ၏ ပြောင်းလဲနေမှု များနှင့် မြောက်ကိုရီးယား ဒုံးပျံအရေးကို အာရုံစိုက်ကြ


မြန်မာနိုင်ငံ၏ ပြောင်းလဲနေမှု များနှင့်  မြောက်ကိုရီးယား ဒုံးပျံအရေးကို အာရုံစိုက်ကြအကြိမ် ၂ဝ မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပရာ မြန်မာနိုင်ငံ၏ သမိုင်းဝင် ပြုပြင်ပြောင်းလဲ နေမှု များနှင့် မြောက် ကိုရီးယားနိုင်ငံက အာကာသသို့ဒုံးပျံ လွှတ်တင်ရန် စီစဉ်နေ မှုတို့ကို အာရုံစိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင် ငံမှ ရွေးကောက် ပွဲစောင့်ကြည့် လေ့လာရေး အဖွဲ့အစီရင်ခံစာဝယ် တနင်္ဂနွေနေ့က မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက် ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိသောကြောင့် အနောက်နိုင်ငံ များက မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ရုတ်သိမ်းရန် တိုက်တွန်းထားသည်။ ထိုအချက်ကို အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကလည်း လှိုက်လှိုက် လှဲလှဲ ထောက်ခံအားပေးခဲ့ကြသည်။ အာဆီယံ အတွင်းရေး မှူးချုပ် ဆူရင်ပစ်ဆူဝမ် ကလည်း ယင်းသို့ ပိတ်ဆို့မှု များကို ရုပ်သိမ်းခြင်းသည် ‘မြန်မာနိုင်ငံအား ကမ္ဘာ့ အသိုက် အဝန်းနှင့် ပြန်လည်ပေါင်း စည်းစေခြင်း ပင် ဖြစ်ကြောင်း’ ကိုးကား ပြောကြားခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံက အာကာသသို့ဒုံးပျံဖြင့် ဂြိုဟ်တုတစ်လုံး လွှတ်တင်ရန် စီစဉ်နေခြင်းမှာ ဒုံးပျံ စမ်းသပ်မှုကို ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု အမေရိ ကန်နှင့် မဟာမိတ်နိုင်ငံ များက ယူဆနေခြင်းကိုလည်း ယခု ထိပ်သီး အစည်းအဝေး ပထမနေ့တွင် အပြန်အလှန် ဆွေးနွေးကြသည့် အကြောင်းအရာ တစ်ခု ဖြစ်သည်။ တောင် တရုတ်ပင်လယ်ပြင် အတွင်းမှ ကျွန်းအချို့အား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှု သည်လည်း အာဆီယံ ခေါင်းဆောင်များ အတွက်ဖြေရှင်း ရခက်သည့် ပြဿနာ တစ်ရပ်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂ဝ၁၄ တွင် တာဝန်ပေးအပ်ရန် အာဆီယံနိုင်ငံ အားလုံးက သဘောတူညီကြပြီး ဖြစ်သည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif