ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့် ရုပ်ရှင် ရိုက်ကူးရာတွင် ပါဝင်ရမည့် ဗိုလ်ချုပ်၏ ဇနီး ဒေါ်ခင်ကြည် နေရာ သရုပ်ဆောင်သစ် အတွက် လျှောက်လွှာများကို မတ်လ ၁၆ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် စတင် လက်ခံနေပြီ ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။
လာရောက် လျှောက်ထားသူများထဲမှ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်နေရာအတွက် သရုပ်ဆောင်သစ် သုံးဦး ရွေးချယ်မည်ဖြစ်ပြီး အသက် အရွယ် ၂၀ နှင့် ၃၀ကြား မြန်မာနိုင်ငံသား အမျိုးသမီး မည်သူမဆို လျှောက်လွှာတွင် ပါဝင်သော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်ပြီး လျှောက်ထားနိုင်ကြောင်း သရုပ်ဆောင်သစ် လျှောက်လွှာတွင် ဖော်ပြထားသည်။အဆိုပါရုပ်ရှင်တွင် သရုပ်ဆောင်သစ်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းနေရာ အတွက် လျှောက်လွှာများကို ဖေဖော်ဝါရီလအတွင်းက ဖိတ်ခေါ်ထားပြီးဖြစ်ပြီး ယခုလခေါ်ယူသော ဒေါ်ခင်ကြည် နေရာအတွက် လျှောက်လွှာမှာ ဒုတိယအကြိမ် သရုပ်ဆောင်သစ်များ ခေါ်ယူခြင်း ဖြစ်သည်။ လျှောက်ထားလိုသူများနှင့် အလှူငွေ လှူဒါန်းလိုသူများအနေဖြင့် ၀၉-၇၃၁၆၂၇၀၀ ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးရုံးသို့ ဆက်သွယ် စုံစမ်းနိုင်သည်။
www.yoyarlay.com
0 comments:
Post a Comment